Top News

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေကြမ်းတွင် တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည့် တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူ၏ အရည်အချင်းများသတ်မှတ်ခြင်းဆိုသည့်အချက်ကို ပယ်ဖျက်ပြီး ပြည်ထောင်စုလွှတ်တော်အတည်ပြု
24htopnews | October 18, 2024 3:12 AM CST

မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းတွင် တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည့် တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ၏ အရည် အချင်းများသတ်မှတ်ခြင်းဆိုသည့် အချက် အား ပယ်ဖျက်ကာ ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့်ပြန်လည်ပေးပို့လာသည့် အဆိုပါ ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အ တည်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက် အချက်တစ်ချက်ကို သာ ပြည်ထောင်စုလွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ကျန်သည့်အချက်များအား နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတက ဥပဒေကြမ်း၏ အပုဒ် ၁၅၊ အပိုဒ်ခွဲ (စ) ပါ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည့်  တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူ၏ အရည်အချင်းများ သတ်မှတ်ခြင်းနှင့် အပိုဒ် ၃၁၊ အပိုဒ် ခွဲ (ဂ)ပါ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (စ) အရ အရည်အချင်း ပြည့်မီသူဆိုသည့် ဖော်ပြချက်များကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ တိုင်းရင်းဆေးဆရာ အရည်အချင်းသတ်မှတ်ချက် တိတိကျကျ ပါဝင်မှုမရှိသောကြောင့် ဖြစ်သည်ဟု သ ဘောထားမှတ်ချက်ပြုခဲ့ပြီး ယင်းအပိုဒ်များအား ဥပဒေကြမ်းပူးပေါင်းကော်မတီက ပယ်ဖျက်သင့်ကြောင်း အဆိုပြုတင်ပြချက်မှာ ကန့်ကွက်သူ မရှိသည့်အတွက် ယင်းအချက်များအား ပယ်ဖျက်ကာ အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ အပိုဒ် ၆၅ အား ဆေးကုသခွင့် လိုင်စင် လျှောက်ထားလိုသူများသည် ကောင်စီဖွဲ့စည်းပြီး တစ်နှစ်ပြည့်မြောက်သည့် နေ့မှစတင်၍ ဤဥပဒေနှင့်အညီ လျှောက်ထားရမည်ဆိုသည့် နိုင်ငံတော်သမ္မတ၏မှတ် ချက်အတိုင်းအတည်ပြုခဲ့သည်။ ထို့အတူ အပိုဒ် ၅၇ ပါ နိုင်ငံခြားသားတစ်ဦးဦးသည် ကောင်စီမှ  သတ်မှတ်ထားသည့် ဆေးကုသခွင့် လိုင်စင်မရှိဘဲ မြန်မာ့တိုင်းရင်းဆေးပညာ ဖြစ်စေ၊ နိုင်ငံတကာတိုင်းရင်ဆေးပညာဖြစ်စေ အသုံးပြု၍ ဆေးကုသခြင်းမပြုရဆိုသည့် အပိုဒ်တွင် “င်ငံခြားသားတစ်ဦးဦးသည် ဆိုသည့် စကားရပ်အစား “မည်သည့်နိုင်ငံ ခြားသားမျှ  ဆိုသည့်စကားရပ်ဖြင့် ပြင်ဆင်ကာ နိုင်ငံတော်သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။

တိုင်းရင်းဆေးနှင့်ပတ်သက်သည့် အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မ ၄၅ အရ ဆေးကုသခွင့် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားသည့် လျှောက်လွှာကို သတ်မှတ်ချက်များနှင့်စိစစ်ပြီး သက်တမ်းတိုးမြှင့် ပေးခြင်း သို့မဟုတ် သက်တမး်တိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။ အပိုဒ် ၄၇ တွင် အလုပ်အမှုဆောင်အဖွဲ့သည် ဆေးကုသခွင့်လိုင်စင်အရ တိုင်းရင်းဆေးဆရာတစ်ဦးဦးတွင် အောက်ပါအချက်တစ်ရပ်ရပ်ပေါ်ပေါက်ကြောင်း စိစစ်တွေ့ရှိရပါက ဆေးကုသခွင့်လိုင်စင်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းပြုနိုင်သည်။(စ) သတ်မှတ်ထားသော ကာလအတွင်း အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ ဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးမြှင့်ရန် ပျက်ကွက်ခြင်းဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်ထာင်စုလွှတ်တော်မှ တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုပြီးဖြစ်သည့်အတွက် ဥပဒေအဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK