လျှပ်စစ်ဓာတ်အားခနှုန်း လွန်စွာနည်းသည့်အတွက် နိုုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများအနေဖြင့် လာရောက်ဆွေးနွေးမှုများသာရှိပြီး လုပ်ကိုင်ဝံ့သည့် အခြေအနေမရှိသေးဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းအား လာရောက်ဖြေကြားပြီးချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “နိုင်ငံခြားက ဓာတ်အားပေးစက်ရုံတွေကို သူ့ဘာသာသူ လာရောက်ရင်းနှီးပါလားလို့ ပြောပေမယ့် သူတို့က ကျွန်တော်တို့နိုင်ငံရဲ့ ဓာတ်အားခနှုန်းထားတွေကို အမြဲလေ့လာတယ်။ ပြန်ရငွေက ဘယ်လောက်ရမှာလဲ။ ဒီလောက်လေးနဲ့ ဘယ်လိုလုပ်ဆောင်ရွက်မှာလဲ။ ဒါကို သူတို့က မလိုချင်ဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လျှပ်စစ်ကဏ္ဍမှာ အများကြီး လာစေချင်တယ်ဆိုတာကလည်း ဒီဓာတ်အားခနှုန်းထား နိမ့်နည်းနေတဲ့အခါကျရင် ရင်းနှီးမြှုပ်နှံသူတွေက အင်မတန်စိုးရိမ်တယ်။ ဒီအတွက် ကျွန်တော်တို့က ဖိတ်ခေါ်ချင်တိုင်း မရဘူး သူတို့သိတယ်။ ဒီမှာ လျှပ်စစ်ဓာတ်အား လိုတယ်။သူတို့ ကျကျနနလေ့လာလိုက်တဲ့အခါကျတော့ ဓာတ်အားခနှုန်းက အင်မတန်နည်းတဲ့အတွက် သူတို့က လာတော့လာတယ်။ ဆွေးနွေးပြီး လာပြီး ရဲရဲဝံ့ဝံ့ခြေမချရဲတော့ဘူး။ ဒီလိုအနေအထားမျိုးတွေ ရောက်နေတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မဂ္ဂါဝပ် ၆၅၀ နှင့် ၇၀၀ ဝန်းကျင် တိုးထုတ်နိုင်သော်လည်း ယင်းဓာတ်အားပမာဏ ထုတ်လုပ်နိုင်ရန်အတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၁၀၀၀ ခန့် လိုအပ်ကြောင်း၊ ထို့ကြောင့် ဒေါ်လာ တစ်ဘီ လျံခန့်ရှိမှသာလျှင် ဓာတ်အားတိုးလိုသည့် ပမာဏကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့က တစ်နှစ်တစ်နှစ်မှာ ဓာတ်အားပေးစက်ရုံကို တစ်နှစ်တိုင်းတစ်နှစ်တိုင်း အခု ရှေ့လျှောက်ဆိုရင် ဘယ်လောက်ပြီးသင့်နေသလဲ။ မဂ္ဂါဝပ် ၆၅၀ နဲ့ ၇၀၀ မဂ္ဂါ ဝပ်လောက် နှစ်တိုင်း ဓာတ်အားပေးစက်ရုံ အသစ် ပြီးသင့်တဲ့အဆင့်ကို ရောက်ပါပြီ။ ဒါမှလည်း ကျွန်တော်တို့ လျှပ်စစ်အခြေအနေ မကောင်းဘူးလို့ဆိုပေမယ့် ယခင်က မဂ္ဂါဝပ် ၃၀၀၊ ၃၅၀၊ ၄၀၀ လောက်ပဲ တိုးလို့ရတယ်။ အခုဆိုရင် တိုးလို့ရတဲ့အဆင့် မဂ္ဂါဝပ် ၇၀၀ လောက် နှစ်စဉ်တိုးလာတယ်။ မဂ္ဂါဝပ် ၇၀၀ ခန့်နှစ်စဉ်တိုးလာပြီဆိုရင် အဲဒီဓာတ်အား ပမာဏထုတ်ရနိုင်ဖို့အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘယ်လောက်လိုအပ်သလဲလို့ တွက်ကြည့်ရင် သန်း ၁၀၀၀ လောက် လိုအပ်တယ်။ အမေရိကန်ဒေါ်လာ တစ်ဘီ လျံလောက်မှ ဒီကိစ္စကို ဆောင်ရွက်နိုင်မယ်။ အဲဒီလိုမှ မဆောင်ရွက်နိုင်ရင် လျှပ်ဓာတ်အားတိုးလိုတဲ့ ပမာဏကို တိုးမပေးနိုင်ဘူး။ တစ်ပြိုင်နက် အဓိပ္ပာယ်က ထမင်းတွေအများကြီး စားချင်တာကို ကျွေးနိုင်တာက ပမာဏနည်းနည်းဆိုတာနဲ့ လျှော့စားလျှော့စားဆိုတာ ဖြစ်နေရင်၊ လျှော့ပေးတဲ့ပမာဏ ဖြစ်လာရင် ဒီမီးပျက်မှုကိုပြန်ရင်ဆိုင်ကြရမယ်။ မီးပျက်မှုကို ရင်မဆိုင်ဘဲနဲ့ တိုင်းပြည်ကလည်း တောက် လျှောက်တိုးတက်ဖို့လိုအပ်တယ်” ဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် တစ်လလျှင် မီတာ မည်မျှအထိအသုံးပြုနေသည်ကို အ ချက်အလက်ကောက်ခံနေပြီး လျှပ်စစ်မီတာခ နှုန်းထားများ ပြင်ဆင်တိုးမြှင့်သတ်မှတ်မည်ဆိုပါက ကြိုတင်အသိပေးအကြောင်းကြား မည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
“တစ်အိမ်ချင်းစီက တပ်ဆင်ထားတဲ့ မီတာတွေဟာ တစ်လချင်းစီမှာ မီတာဘယ် လောက်သုံးသလဲဆိုတာတွေအားလုံးကို အချက်အလက်တွေကောက်တယ်။ အချက်အလက်တွေစုစည်းတယ်။ စာရင်းတွေ လုပ် တယ်။လူတွေဟာ သူ့ရဲ့စီးပွားရေးနဲ့ပိုင်ဆိုင်မှုအနေအထားတွေအရ လျှပ်စစ်ဓာတ်အား ဘယ်လောက်အထိ သုံးစွဲသလဲ။ လူတွေရဲ့ လျှပ်စစ်သုံးတဲ့ပမာဏတွေကိုကြည့်ပြီး အဲဒီအနေအထားတွေကို ရိုးရိုးရှင်းရှင်းပြောရင် အဲဒီလူတွေရဲ့ အရမ်းစိုးရိမ်စရာကောင်းလောက်အောင် မီတာခနှုန်းထားတွေ တက်သွားတဲ့ပုံစံမျိုး တအားကြီးလည်းမဖြစ်အောင်၊ တချို့ဆိုရင် ထိခိုက်မှုကို လုံးဝမရှိရလေအောင်၊ တချို့ဆိုရင် နည်းနည်းတော့ ချိန်း သွားရမယ်ပေါ့ဆိုတဲ့ ဟာမျိုးတွေ ဆီလျော်တဲ့ စနစ်ဖြစ်အောင် တောက်လျှောက်လေ့လာတယ်။ သုံးသပ်ကြတယ်။ မျိုးစုံတွက်ချက်တယ်” ဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
