ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းပေးရန် ပုဂံမြို့သစ်နှင့် မြင်းကပါရပ်ရှိ ဒေသခံအင်အား ၅၀၀ ခန့် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ကြောင်း သိရသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမူကြမ်းရေးဆွဲရာတွင် ဒေသခံကိုယ်စားလှယ်များ ပါဝင်ခဲ့သော်လည်း ၎င်းတို့တင်ပြချက်များအား ဥပဒေမူကြမ်းတွင် ထည့်သွင်းခြင်း မရှိသည့်အတွက် ဒေသခံများက ၎င်းတို့ လိုလားသည့် အချက်ငါးချက်အား တောင်းဆိုဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည် ။
“ရှေးဟောင်းအမွေအနှစ် ဥပဒေတင်တဲ့အခါမှာ အမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ကို ရောက်သွားပြီ။ အဲဒီမှာ ကျွန်တော်တို့ ဒေသခံတွေလိုချင်တဲ့ ဒေသခံတွေ လိုချင်တဲ့အချက်တွေ မပါတဲ့အတွက်ပါ။ ဒေသခံတွေက အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလားပါတယ်။ အမွေအနှစ်တွေကို မထိန်းသိမ်း မစောင့်ရှောက်ချင်လို့ မဟုတ်ပါဘူး။ ဥပဒေထဲမှာ အမွေအနှစ်နဲ့မဆိုင်တဲ့ ဒေသခံတွေအပေါ်မှာ ဖိနှပ်ချုပ်ချယ်တဲ့ အချက်တွေ၊ တရားမျှတမှုမရှိတဲ့ အချက်တွေကို ကျွန်တော်တို့က ပြင်ဆင်ချင်တဲ့အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” ဟု ပုဂံဒေသခံ ဦးဝင်းကြိုင်က ပြောကြားသည်။
“ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရေး ဒို့အရေး၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းရေး ဒို့အရေး၊ မြို့ရွာများတွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ အာဏာသက်ရောက်မှု မရှိစေရေးဒို့အရေး၊ ပြည်သူ့အသံလွှတ်တော်အသံဖြစ်ရေး ဒို့အရေးနှင့် ဒေသခံပြည်သူများအား ဖိနှိပ်ချုပ်ချယ်သော ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အလိုမရှိ” စသည့် စာသားများ ရေးသားထားသည့် ဗီနိုင်းပိုစတာများအား ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ပုဂံမြို့သစ်စျေးအနီးမှ ဗူးဘုရားအနီးလမ်းဆုံထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
“ပုဂံညောင်ဦးမှာရှိတဲ့ ဒေသခံတွေ အားလုံးက ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေ လိုအပ်ချက်တွေရှိနေတဲ့ ဥပဒေကို လွှတ်တော်ထဲရောက်အောင် အားလုံးဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်နဲ့ သဟဇာတမဖြစ်တဲ့ ဥပဒေတွေ လူသားအရင်းအမြစ်နဲ့ သဟဇာတမဖြစ်တဲ့ ဥပဒေတွေ အများကြီးရှိ နေပါတယ်။ အဲဒါတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိနေတဲ့နေရာကို ကြားခံဇုန်အဖြစ် သတ်မှတ်ထားတာလည်း အများကြီး လိုအပ်ချက်ရှိပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေ မရှိဘဲနဲ့ ယဉ်ကျေး မှုအမွေအနှစ်တွေ ရှိပါတယ်လို့ လုပ်ထားတဲ့ ပုဂံဇုန် ပြင်ဆင်ရေးဆွဲရေး အချက်ကလည်း အထူးသဖြင့် ပြင်ဆင်ရမှာ ဖြစ်ပါတယ်” ဟု ပုဂံဒေသခံ ကိုချစ်ကိုကိုက ပြောကြားသည်။
ဥပဒေမူကြမ်းတွင် ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာ နယ်မြေများ သတ်မှတ်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်နှင့် ကင်းလွတ်သည့် အစဉ်အဆက်နေထိုင်ရာ လူနေရပ်ကွက်၊ ကျေးရွာများကိုပါ ထည့်သွင်းထားခြင်းကြောင့် ရေရှည်တွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ကြောင်းဒေသခံများက ပြောကြားသည်။ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (ရှေးဟောင်းဥပဒေ) မူကြမ်းတွင် ဒေသခံများအတွက် အခက်အခဲဖြစ်စေသည့်အချက်များ ပါဝင်နေခြင်းကြောင့် ညောင်ဦးမြို့ခံ ၁၀၀၀ ကျော်က ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ဒေသခံများ၏ဆန္ဒနှင့်ကိုက်ညီသော ဥပဒေဖြစ်ရေး လမ်းညွှန်ပေးခဲ့သော်လည်း လက်တွေ့တွင် ဒေသခံများ၏ သဘောဆန္ဒများ လျစ်လျူရှုခံရကြောင်း ဒေသခံများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
