လက်နက်ကိုင် တိုက်ပွဲဝင်သည့် အလေ့အထသည် ခေတ်မမီတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေရာဝန်ကြီး ဦးဇော်အေးမောင်က ဇန်နဝါရီ ၂၅ရက်တွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ပြုလုပ်သည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ အခမ်းအနားတွင် ပြောကြားသည်။
“ဒီနေ့ ၂၁ ရာစုမှာ ကိုယ်လိုချင်တာ ဖက်ဒရယ်ပဲလိုလို၊ ဘာပဲလိုလို၊ ငြိမ်းချမ်းရေးပဲလိုလို၊ ဖွံ့ဖြိုးတိုးတက်ဖို့ပဲလိုလို၊ သေနတ်ကိုင်ပြီးတော့ ဖြေရှင်းတဲ့ အလေ့အထ ခေတ်မမီတော့ဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေးက အင်မတန် အရေးကြီးပါတယ်။ အဲဒါကြောင့် သေနတ်ကိုင်ပြီးတော့ အဖြေရှာလာတာ နှစ်ပေါင်း ၇၀ ကျော်သွားပြီ၊ တိုင်းရင်းသားတွေလည်း အများကြီး သေသွားပြီ၊ တပ်မတော်ကလည်း အများကြီး သေသွားပြီး၊ ဘာအဖြေရလည်း ဘာတစ်ခုမှ အဖြေမရခဲ့ဘူး။ ငြိမ်းချမ်းရေးကို သေနတ်ကိုင်ပြီး တောင်းလို့မရဘူး။ စားပွဲဝိုင်းပေါ်မှာ ကိုယ်လိုချင်တာကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် နဲ့ ဖြေရှင်းလို့ရတဲ့ ခေတ်တစ်ခေတ် ရောက် နေပါပြီ” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
တိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ မျိုးနွယ်စု ၁၃၅ မျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံဟု မဖြစ်ပေါ်ခင် အချိန်ကတည်းကပင် အတူတကွ နေထိုင်လာကြောင်း၊ အနော်ရထာသည် ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြောင်း၊ ဘုရင့်နောင်သည် ဒုတိယမြန်မာ နိုင်ငံကို တည်ထောင်ခဲ့ကြောင်း၊ အလောင်းဘုရားသည် တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်နယ်ချဲ့အင်္ဂလိပ်၏ စစ်ပွဲသုံးကြိမ်ဆင်နွှဲမှုကို ကြုံတွေ့ခဲ့ကြောင်း၊ တိုင်းရင်းသားများစုစည်းကာ လွတ်လပ်ရေးရရှိရန်အတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ခဲ့သဖြင့် လွတ်လပ်ရေးရရှိခဲ့ကြောင်း၊ စတုတ္ထမြန်မာနိုင်ငံကို ထူထောင်သူသည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ဟု ခံယူချင်ကြောင်း ဝန်ကြီး ဦးဇော်အေးမောင်ကပြောကြားသည်။
စတုတ္ထမြန်မာနိုင်ငံကို ထူထောင်သူသည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ကိစ္စ နှင့် ပတ်သက်ပြီး အဆိုပါပွဲသို့ တက်ရောက်လာသူများအား ဝန်ကြီးဦးဇော်အေးမောင် က သဘောတူပါသလားဟု မေးမြန်းခဲ့ပြီး သဘောတူပါက လက်ခုပ်တီးပေးရန် ပြောကြားခဲ့ပြီး ပရိတ်သတ်များကလည်း လက်ခုတ်တီးခဲ့သည်။
“နယ်ချဲ့က ဆေးဆိုးလိုက်တဲ့အတွက် ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ အချို့ ဒေသတွေမှာ သွေးကွဲပြီးတော့ တစ်ယောက် နဲ့တစ်ယောက် ယုံကြည်မှု မရှိဖြစ်သွားပြီး တော့ လက်နက်နဲ့ ငြိမ်းချမ်းရေး မရရှိတဲ့ နေရာတွေရှိနေပါတယ်” ဟု ဝန်ကြီး ဦးဇော်အေးမောင်ကပြောကြားသည်။
သွေးချင်းတို့ရဲ့ပွဲတော်ဆီ အခမ်းအနား ကျင်းပသည့် ကျိုက္ကဆံကွင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ယခုပွဲတွင်လည်း တိုင်းရင်းသားများကို ဖိတ်ခေါ်ပြီး ယဉ်ကျေးမှု၊ ဒေသထွက်ကုန်၊ ခရီးသွားလုပ်ငန်းများကို ပြသသည့်ပွဲဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
ဇန်နဝါရီ ၄ ရက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က နယ်ခြားစောင့်ရဲကင်း လေးခုကို နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည်။ လက်ရှိအချိန်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
