Top News

တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး ရည်ရွယ်သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်
24htopnews | October 18, 2024 3:12 AM CST

တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ရည်ရွယ်သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ နံနက်ပိုင်းတွင်  ပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နှင့် ဝန်ကြီးများ၊ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

သွေးချင်းတို့ရဲ့ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ကျိုက္ကဆံအားကစားကွင်းအတွင်း ဇန်နဝါရီ ၂၅ ရက်မ ှ၃၀ ရက်အထိ ၆ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံကျော်တေးသံရှင်းများ၏ ဖျော်ဖြေတင်ဆက်မှု၊ တိုင်းရင်း သားလူမျိုးများ တစ်စုချင်းစီ၏ အကအလှများ၊ တိုင်းရင်းသားအလှမယ် ရွေးချယ်ပွဲ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုရိုးရာဓလေ့ နေထိုင်မှုပုံစံများနှင့် ရိုးရာအသုံးအ ဆောင်ပစ္စည်းများကို တစုတစည်းထဲ ဖော်ပြထားသည့် ပြခန်းများ၊ စီးပွားရေးလုပ်ငန်းရှင်းများအတွက် မိမိတို့ကုန်ပစ္စည်းများကို တစုတဝေးထဲ၊ တနေရာတည်း လူအများကိုပြသရောင်းချနိုင်သည့်ဆိုင်များ၊ လူမျိုးဘာသာမရွေး စားသောက်နိုင်သည့် ညစျေးတန်း ဈေးဆိုင်များနှင့် အမှတ်တရဓာတ်ပုံရိုက်ရန် မီးအလှဆင်ထားသည့် နေရာများ ပါဝင်ကြောင်း သိရသည်။


READ NEXT
Cancel OK