ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ယာဉ်စစ်ရက်ချိန်း ရယူပြီးနောက် ရက်ချိန်းပြန်လည် ပယ်ဖျက်နိုင်မည် မဟုတ်ဘဲ ပျက်ကွက်ပါက နှစ်လအတွင်း နောက်ထပ် ရက်ချိန်းယူ၍ မရအောင် ပိတ်တားစာရင်းသွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် မှတ်ပုံတင်ယာဉ် မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်ရက်ချိန်းရယူခြင်း (Online Booking System) ကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်မှ စတင်၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) နှင့် ခရိုင်ရုံး (မန္တလေးတောင်ပိုင်း) တို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ လည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။
Online Booking System စတင် ကျင့်သုံးချိန်၌ လုပ်ငန်းဆောင်ရွက်သူ ပြည်သူများအား အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှု ပေးနိုင်ခဲ့သော်လည်း ပြန်လည်စိစစ်ရာတွင် ကြိုတင်ရက်ချိန်း ရယူထားသည့် ယာဉ်စီးရေ ရာခိုင်နှုန်း ၆၀ ခန့်သာ လုပ်ငန်းလာရောက် ဆောင်ရွက်ပြီး ကျန်ရာခိုင်နှုန်း ၄၀ ခန့်မှာ လာရောက် ဆောင်ရွက်မှုမရှိဘဲ ရက်ချိန်းများ ရယူထားသဖြင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသူများအတွက် နစ်နာမှုများ ကြုံတွေ့နေရသည်ကို တွေ့ရှိရကြောင်း ကညန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အမှန်တကယ် လာရောက် ဆောင်ရွက်ခြင်းမပြုနိုင်ပါက ကြိုတင်ရက်ချိန်း ရယူခြင်းမပြုကြရန် အကြိမ်ကြိမ်နှိုးဆော် တိုက်တွန်းခဲ့ပြီးနောက် ကြိုတင်ရက်ချိန်း ရယူပြီး လုပ်ငန်းလာရောက် ဆောင်ရွက်ခြင်းမရှိသည့် ယာဉ်များကို ရက်ချိန်း ပျက်ကွက်သည့်ရက်မှ တစ်လအတွင်း ထပ်မံ၍ ရက်ချိန်းရယူနိုင်ခြင်း မရှိစေရန် တားစာရင်းသွင်းခြင်းစနစ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ စတင်ကျင့်သုံးခဲ့သည်။
သို့သော် မသမာသူ လူတစ်စုက မမှန်မကန်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ယာဉ်အမှတ်များအား ကြိုတင်စာရင်းသွင်း (Booking)ရယူထားပြီး ခွင့်ပြုယာဉ်စီးရေ ပြည့်မီသွားချိန်တွင် အမှန်တကယ် ယာဉ်စစ်ဆေးလိုသော ယာဉ်ပိုင်ရှင်များထံမှ အခကြေးငွေ တောင်းခံရယူပြီး ၎င်းတို့ ကြိုတင် Booking ရယူထားသည့် ယာဉ်အမှတ်ကို ပယ်ဖျက်၍ အမှန်တကယ် ယာဉ်စစ်ဆေးလိုသည့် ယာဉ်အမှတ်အား အစားထိုးပြောင်းလဲရက် ချိန်းရယူပေးနေကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မသမာသူများ မမှန်မကန်ပြုလုပ် ငွေကြေးတောင်းခံမှု မပြုနိုင်ရေးနှင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူ ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှစ၍ ရက်ချိန်း ပယ်ဖျက်ခြင်း Online လုပ်ငန်းစဉ်ကို ဖျက်သိမ်းထားကြောင်း၊ ယာဉ်စစ်ရက်ချိန်း ရယူပြီးနောက် ရက်ချိန်းပြန်လည် ပယ်ဖျက်နိုင်မည် မဟုတ်ဘဲ ပျက်ကွက်ပါက ပျက်ကွက်ရက်မှ နှစ်လအတွင်း နောက်ထပ်ရက် ချိန်းယူ၍ မရအောင် ပိတ်တားစာရင်းသွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကညနက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
