Top News

နိုင်ငံတော်ပိုင်မြေများအား တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြသည်ကို တွေ့ရှိရကြောင်းနှင့် နိုင်ငံတော်ပိုင်မြေများကို မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များက အတည်ပြုထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတိုင်း ဆောင်ရွက်ရမ
24htopnews | October 18, 2024 3:12 AM CST



လက်ရှိအချိန်တွင် နိုင်ငံတော်ပိုင်မြေများကို တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြသည်ကို တွေ့ရှိရကြောင်းနှင့် နိုင်ငံတော်ပိုင်မြေများကို မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များက အတည်ပြုထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာ ခိုင်တင်သွင်းသည့်အဆိုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း Town Plan တွေ ဆောင်ရွက်ရာမှာလည်း ဆောင်ရွက်လို သည့်အပိုင်းအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်တွေက သက်ဆိုင်ရာလွှတ်တော်မှာ တင်ပြပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရ မှာဖြစ်ပါတယ်။ လိုအပ်ပါက မြင်သာတဲ့နေရာ မှာ ကြော်ငြာဆိုင်းဘုတ်တွေချိတ်ပြီး ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခြင်းဖြင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများက လယ်ယာမြေများကို ဝယ်ယူပြီး မြေစျေးကစားခြင်း၊ Land Use ပြောင်းလဲခြင်း စသည်တွေကို တားမြစ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြောကြားသည်။

“နိုင်ငံတော်ပိုင် မြေလွတ်မြေလပ်မြေရိုင်းများကို မြို့ရွာများ ဖော်ထုတ်ရန် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတော်မြေများကို တရားမဝင် အဆင့်ဆင့် ရောင်းဝယ်နေကြတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မြေများကို မည်သည့်နည်းဖြင့် တရားမဝင် ပိုင်ဆိုင်စေကာမူ  တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း Town Plan တွေ အတိုင်း တိုးချဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လျော်ကြေးပေးချေရာမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့ရဲ့ကြီးကြပ်မှု ဖြင့် သတ်မှတ်နှုန်းထားများအတိုင်း ပေးချေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြို့သစ်တည်ထောင်နိုင်ရန်နှင့် မြို့တိုးချဲ့တည် ဆောက်နိုင်ရန်အတွက်  လယ်မြေလျော်ကြေး ပေးချေခြင်းများအတွက် သက်ဆိုင်ရာလုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တစ် နိုင်ငံလုံး တစ်ပြေးညီဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဝန်ကြီးဌာန က ရေးဆွဲပေးထားတဲ့ Town Plan တွေဆိုရင် သူတို့ ရေးဆွဲထားတဲ့အတိုင်း မြို့ကိုချဲ့ရင် သက်ဆိုင်ရာ လယ်မြေတွေကို မည်သူ ပိုင်ဆိုင်ထားသည် ဖြစ်စေ၊ သတ်မှတ်ထားတဲ့ လျော်ကြေး အရင်ပေးပြီးတော့ လယ်မြေတွေကို သိမ်းလိုက်ရမှာ ဖြစ်ပါတယ်။ သိမ်းပြီးတော့မှ အဲဒီလယ်မြေတွေမှာ မူလရေးဆွဲထားတဲ့ Town Plan  တွေအတိုင်း အဲဒီနေရာမှာ တချို့ မြို့ပြအိမ်ရာမြေကွက်ဖြစ်ပါတယ်။ တချို့နေ ရာတွေက ဆေးရုံမြေကွက်နေရာဖြစ်ပါတယ်။ စသည်ဖြင့် အားလုံး အများပြည်သူ အသုံးပြုလို့ရတဲ့ မြေနေရာတွေလည်း ပါမှာဖြစ်တဲ့အတွက် ဒါကြောင့် မြို့များ ချဲ့ထွင်မယ်။ လယ်မြေတွေကို အကွက်ရိုက်ပြီး လူနေခွင့်ပေးမယ်ဆိုရင်  ပထမဦးစွာ Town Plan အတိုင်း လယ်မြေကို လျော်ကြေးပေးပြီး၊ သိမ်းပြီး သက်ဆိုင်ရာ Town Plan တွေအတိုင်း သက်ဆိုင်ရာ ဝန်ကြီးချုပ်များက ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆက်လက် ပြောကြားသည်။

 


READ NEXT
Cancel OK