ပိတ်ထားသည်မှာ တစ်လနီးပါးကြာပြီဖြစ်သော အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်ရှိ တံတားတစ်စင်းကို ဖြိုချရန်အတွက် ဗုဒ္ဓဟူးနေ့တွင် ပြင်ဆင်နေစဉ် ပြိုကျခဲ့သဖြင့် လူ သုံးဦးေ-သဆုံးကာ လေးဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
တံတားအစားထိုး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်ပ်ဆွန်ကောင်တီ Strong မြစ်ကြောင်းပေါ်ရှိ အဆိုပါ တံတားကို စက်တင်ဘာ ၁၈ ရက်ကတည်းက ယာဉ်ဖြတ်သန်းမှုများကို ပိတ်ပင်ထားခဲ့သည်ဟု မစ္စစ္စပီပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာ နေရာသို့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ သွားရောက်ခဲ့ကြောင်းနှင့် ေ-သဆုံးသူ သုံးဦးရှိကာ ဒဏ်ရာရသူများခဲ့ကြောင်း ၎င်းတို့က အတည်ပြုခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Tate Reeves က ဗုဒ္ဓဟူးနေ့ညပိုင်းက ဆိုရှယ်မီဒီယာတွင် ပို့စ်တင်၍ ပြောသည်။
ထို့အပြင် အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigied က မစ္စစ္စပီပြည်နယ် ၁၄၉ လမ်း၏ တံတားကို ဖြိုချစဉ်တွင် အချိန်မတိုင်မီ ပြိုကျသွားခဲ့မှုအတွက် ပြည်နယ်တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွကနေသည်ဟု ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းက လူမှုမီဒီယာပို့စ်တစ်ခုတွင် ပြောဆိုခဲ့သည်။
Ref: အေပီ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
