ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါလ်ပေါ့ဘာက တားမြစ်ဆေးပြဿနာအတွက် တာဝန်ရှိသော်လည်း မိမိသည် လိမ်ညာတတ်သူမဟုတ်ကြောင်း ဖွင့်ဟခဲ့သည်။
ပေါ့ဘာ (၃၁ နှစ်) သည် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် ဟော်မုန်းဆေးသုံးစွဲမှုကြောင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံး(NADO)က ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။
၎င်းက အားကစားခုံရုံး(CAS) ထံ အယူခံဝင်ရာ အောင်မြင်မှုရခဲ့ပြီး ၁၈ လသို့ လျှော့ချပေးကြောင်း အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
သို့ဖြစ်ရာ ပေါ့ဘာအနေဖြင့် ဇန်နဝါရီတွင် လေ့ကျင့်မှုများ စတင်ပြုလုပ်၍ မတ်လတွင် ပြန်လည်ကစားခွင့်ရမည်ဖြစ်သည်။
ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ပေါ့ဘာက ''အဲဒါက ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော်က လိမ်ညာတတ်သူ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့အားကစားကို ချစ်တဲ့သူပါ။ ကျွန်တော်က ကစားပွဲတွေကို နှစ်သက်ပြီး ဘယ်တော့မှ မလိမ်တတ်ပါဘူး။ ကျွန်တော်က မျှတစွာ အနိုင်ယူရတာကို ကြိုက်ပါတယ်။ ကျွန်တော်က အရှုံးသမား ဆိုပေမဲ့ လိမ်ညာတတ်သူတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဖြည့်စွက်စာကို စားခဲ့တာဖြစ်လို့ တာဝန်တချို့တော့ ယူရပါမယ်။ ကျွန်တော် စစ်ဆေးမှုသုံးကြိမ် မလုပ်ခဲ့ပါဘူး။ အဲဒါက ပရော်ဖက်ရှင်နယ်တစ်ယောက်ဆီက ရလာတာလို့ ပြောခဲ့ရင်တောင်မှပေါ့။ ကျွန်တော်အပြစ်ပေးခံရရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ လေးနှစ်ဆိုတာတော့ လုံးဝ မဖြစ်သင့်ပါဘူး'' ဟု ပြောကြားသည်။
ဂျူဗင်တပ်စ်နှင့် ပေါ့ဘာ၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသော်လည်း စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
