ဆွီဒင်နိုင်ငံ၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဆိုသော စွပ်စွဲမှုများကို ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေကိုယ်တိုင်အပါအဝင် ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့က ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဆွီဒင်နိုင်ငံ၌ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု သံသယဖြစ်ရပ် အစီရင်ခံစာအတွက် အကြီးတန်းအစိုးရရှေ့နေတစ်ဦးက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆွီဒင်အာဏာပိုင်များက အတည်ပြုထားသည်။
အောက်တိုဘာ ၁၀ ရက်က ဆွီဒင်မြို့လယ်ရှိ ဟိုတယ်တစ်ခု၌ ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်တွင် အမ်ဘာပေပါဝင်ကြောင်း ဆွီဒင်မီဒီယာများက ဖော်ပြလျက်ရှိသည်။
အမ်ဘာပေနှင့် မိတ်ဆွေများသည် ပြီးခဲ့သည့်တစ်ပတ်က စတော့ဟုမ်းမြို့၌ နှစ်ရက်ကြာနေထိုင်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်က နိုက်ကလပ်သို့မသွားမီ စားသောက်ဆိုင်တစ်ခုသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းအပြင် အခြားသုံးဦး စတော့ဟုမ်းမြို့လယ်၌ လမ်းလျှောက်နေသည့်ဓာတ်ပုံကိုလည်း မြင်တွေ့ခဲ့ရကြောင်း ဆွီဒင်မီဒီယာများက ဖော်ပြသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ အမ်ဘာပေက ''သတင်းအမှားတွေ'' ဟု X တွင် ရေးသား၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမ်ဘာပေ၏ PR ကုမ္ပဏီဖြစ်သည့် Patricia Goldman က ''ဒီစွပ်စွဲမှုတွေက တာဝန်ကင်းမဲ့ပြီး လုံးဝမှားယွင်းပါတယ်။ သူတို့ရဲ့ဖြန့်ဝေမှုကို လက်မခံနိုင်ပါဘူး။ ကီလီယန်အမ်ဘာပေအနေနဲ့ အခြေအမြစ်မရှိတဲ့ လိမ်ညာမှုတွေကြောင့် သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ခံမှာ မဟုတ်ပါဘူး'' ဟု Reuters သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အမ်ဘာပေ၏ ရှေ့နေဖြစ်သူ မာရီအဲလစ်ကယ်နူဘယ်နာကလည်း ''ဘယ်သူက တိုင်ထားတာလဲဆိုတာ ကျွန်မတို့မသိပါဘူး။ ဒီတိုင်ကြားချက်က သူ့ကိုပစ်မှတ်ထားတာလားဆိုတာ ကျွန်မ မသိပါဘူး။ သူက ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ စွန့်စားရမယ့်အခြေအနေမျိုးကို သူဘယ်တော့မှ မလုပ်ပါဘူး။ သူ့ဆီမှာ ဝေဖန်စရာအပြုအမူတွေရှိကောင်းရှိနိုင်ပေမဲ့ အဲဒါတွေကို လုံးဝဖယ်ထုတ်ထားပါတယ်။ ဒါက လုံးဝသေချာပါတယ်။ သူက တည်ငြိမ်ပေမဲ့ မီဒီယာတွေရဲ့ ရူးသွပ်မှုကြောင့် အံ့သြသွားရတယ်။ ဘယ်အရာတွေက သူ့ကို ကဲ့ရဲ့ရှုတ်ချနိုင်တာလဲဆိုတာ သူနားမလည်ပါဘူး။ သူ့ဘက်က အမှားလုံးဝမလုပ်ထားပါဘူး'' ဟု ပြင်သစ်အခြေစိုက် TF1 ရုပ်သံသို့ ပြောကြားသည်။
ယင်းကဲ့သို့ စွပ်စွဲမှုများရှိနေစဉ် ရီးယဲလ်အသင်းက Adidas အမှတ်တံဆိပ်၏ ပရိုမိုးရှင်းအစီအစဉ်တွင် အမ်ဘာပေ၏ဓာတ်ပုံကို ဖယ်ရှားခဲ့ကြောင်း သိရသည်။
ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်က Edit မလုပ်ရသေးသည့် မူရင်းဓာတ်ပုံကို မှားယွင်းမျှဝေခဲ့သောကြောင့် ပရိသတ်များသိရှိသွားခြင်းဖြစ်ပြီး ရီးယဲလ်အသင်းကမူ အမ်ဘာပေမှာ Adidas အမှတ်တံဆိပ်၏ အဓိကပြိုင်ဘက် NIke အမှတ်တံဆိပ်၏ သံတမန်ဖြစ်သောကြောင့် ၎င်းအား ဖယ်ရှားခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
