မတ် ၂၃ ရက်အထိ COVID- 19 ရောဂါသည် ကမ္ဘာ့နိုင်ငံနှင့် နယ်မြေပေါင်း ၁၉၂ ခုသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး အာရှတိုက်တွင် နိုင်ငံနှင့်နယ်မြေပေါင်း ၅၁ ခုရှိသည့်အနက် ရောဂါပိုးတွေ့ရှိရခြင်း မရှိသည့်နိုင်ငံများအဖြစ် မြန်မာအပါအဝင် ခြောက်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။ ကျန်ငါးနိုင်ငံမှာ လာအို၊ မြောက်ကိုရီးယား၊ ယီမင်၊ တာဂျစ်ကစ္စတန်နှင့် တာမင်နစ္စတန်တို့ ဖြစ်ကြသည်။
COVID- 19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ခဲ့သည့်ဒေသများတွင် ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းအား စိုးရိမ်မှု မြင့်တက်နေစဉ် သြစတြေးလျ၏ ဘွန်ဒီကမ်းခြေမှသည် နယူးဒေလီ၏ လမ်းများအထိ အာရှတစ်ဝန်းတွင် အစိုးရများက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ဟန့်တားရန်အတွက် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ခဲ့သည်။
ထိုဒေသတွင်း၌ ကူးစက်မှု ၉၅၀၀၀ ကို ကျော်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုများ၏ သုံးပုံတစ်ပုံခန့် ရှိလာချိန်တွင် အာရှနိုင်ငံအများအပြားက ခရီးသွားလာခြင်း ကန့်သတ်မှုများအား တင်းကျပ်ခဲ့ကြသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပထမဆုံးဖြစ်ပွားခဲ့သော တရုတ်၏ ပြင်ပတွင် တောင်ကိုရီးယားသည် အာရှဒေသ၌ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည်။
ထိုင်းတွင် မတ် ၂၂ အထိ ကူးစက်မှုများ သုံးပုံတစ်ပုံခန့် မြင့်တက်ခဲ့ပြီး ကူးစက်မှု ၆၀၀ နီးပါးအထိ ရှိလာခဲ့သည်။
အင်ဒိုနီးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူများအား ကုသပေးသည့် ဆရာဝန်သုံးဦးလည်း သေဆုံးခဲ့ရာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းသည် မတ် ၂၂ အထိ ၅၀ နီးပါးနှင့် အတည်ပြုလူနာ ၅၂၀ နီးပါးရှိခဲ့သည်။
နိုင်ငံခြားသားများနှင့် ဒေသခံ မဟုတ်သူများအား ဝင်ရောက်မှုအား ပိတ်ပင်ခဲ့သည့် သြစတြေးလျကလည်း နိုင်ငံထဲ၌ ကူးစက်မှု ၁၃၀၀ ကျော်အထိ မြင့်တက်လာချိန်တွင် နိုင်ငံသားများအား ပြည်တွင်း၌ ခရီးသွားမည့်အစီအစဉ်များကို ဖျက်သိမ်းရန်လည်း ညွှန်ကြားခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ကြိုတင်ကာကွယ်ရန်အတွက် ပါကစ္စတန်က အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအား ဆိုင်းငံ့ခဲ့ပြီး နိုင်ငံ၏လူဦးရေ ဒုတိယအထူထပ်ဆုံး ပြည်နယ်ဆင်းတွင် ပိတ်ဆို့ထိန်းချုပ်မှုသည် မတ် ၂၂ ညသန်းခေါင်တွင် သက်ဝင်ခဲ့သည်။
ကူးစက်မှု ဒုတိယလှိုင်း
ဗိုင်းရပ်စ်ကူးစက်မှုများအား ထိန်းချုပ်နိုင်ခဲ့သည်ဟု ယူဆရသောနိုင်ငံများသို့ နိုင်ငံသားများက နေရပ်ပြန်လာချိန်တွင် ကူးစက်မှု ဒုတိယလှိုင်းကို တုံ့ပြန်ရန် တာဝန်ရှိသူများက ကြိုးပမ်းနေကြသည်။
စင်ကာပူတွင် ပြည်ပမှပြန်လာသူများ၏ကူးစက်မှု စုစုပေါင်း ၄၅၀ အထိ မြင့်တက်ခဲ့ပြီးနောက် ကာလတိုလည်ပတ်သူများအား ပိတ်ပင်ခဲ့သည်။ ဟောင်ကောင်တွင် ဒေသခံများက ပြန်ဝင်လာစဉ် ပြီးခဲ့သော သီတင်းပတ်တွင် ကူးစက်မှုနှစ်ဆနီးပါး မြင့်တက်ခဲ့သည်။
မလေးရှားတွင် ဖြစ်ပွားနေသော ကူးစက်မှုအားလုံး၏ထက်ဝက်ကျော်သည် ပြီးခဲ့သောလ၌ ကျင်းပခဲ့သော နိုင်ငံတကာ အစ္စလာမ္မစ်အခမ်းအနားနှင့်ဆက်နွှယ်နေခဲ့ပြီး ထိုအခမ်းအနားတက်ရောက်ခဲ့သူများသည် စင်ကာပူနှင့်အင်ဒိုနီးရှားသို့ ပြန်ရောက်ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံထားရသည်။ ကူးစက်မှု ၈၀ ကျော်ရှိသော သီရိလင်္ကာတွင်နိုင်ငံ မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဗိုင်းရပ်စ်ကူးစက်မှုကိုဟန့်တားရန် ထောင်ဝင်စာတွေ့မှုအား ပိတ်ပင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
