မတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူပေါင်း ၆၀၀ အထိ မြင့်တက်လာပြီး သုံညရလဒ်၌သာ ရှိ နေဆဲဖြစ်သည့် မြန်မာနှင့် လာအိုနိုင်ငံတို့ အပေါ် အယုံအကြည်မဲ့လာကြကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ရောဂါပိုးကူးစက်ခံရသူ မြင့်တက်မှု သည် အဓိကအားဖြင့် မြို့တော်၌သာ ဖြစ် ပေါ်နေသော်လည်း ဘန်ကောက်မှ ထွက်ခွာ လျက် နိုင်ငံတစ်လွှားသို့ ရောဂါပိုးပျံ့နှံ့အောင် မပြုလုပ်ကြရန် မြို့သူမြို့သားများအား ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထား သည်။
“ကျွန်တော်တို့က ခင်ဗျားတို့ကို နေ အိမ်ထဲမှာပဲ နေစေချင်ပါတယ်။ နိုင်ငံရဲ့ တ ခြားနေရာတွေကိုလည်း ခရီးမသွားပါနဲ့” ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တာဝီးဆင်ဗီဆာနူယိုသင်းက ပြော ကြားခဲ့သည်။
ရောဂါကူးစက်နိုင်ဖွယ်ရှိသည့် နေရာ များအနက် လက်ဝှေ့အားကစားရုံနှင့် နိုက် ကလပ်တို့ကို ဘန်ကောက်တွင် တင်းကျပ် သော ကန့်သတ်မှုများ ချမှတ်ခဲ့သည်။
ရှောပင်းမောများနှင့် အလှပြင်ဆိုင် များမှသည် ဂေါက်ကွင်းများနှင့် ရေကူး ကန်များအထိ အများပြည်သူများ လာရောက် ရာ နေရာများကိုလည်း ပိတ်ပစ်လိုက်ပြီဖြစ် သည်။
ဘန်ကောက်တွင် နေထိုင်သူများသည် မြို့ကို လုံးလုံးလျားလျား ပိတ်ပစ်မည်ကို စိုး ရိမ်ကာ ယခုစနေတနင်္ဂနွေ၌ အစားအစာ များ ဝယ်ယူနေသောကြောင့် စူပါမားကက်များတွင် လူပြည့်လျက် ရှိသည်။
ထိုင်းနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများမှာလည်း တဖြည်းဖြည်း ဖြတ်သွားဖြတ်လာ နည်းပါး၍လာနေသည်။
မြောက်ပိုင်း ချင်းရိုင်မြို့အနီးရှိ နယ်စပ် ဂိတ်တွင် ထောင်နှင့်ချီသော ထိုင်းနှင့် မြန်မာနိုင်ငံသားများက မြေပြင်နယ်စပ်ပိတ်မှု သက်ဝင်ခြင်းမရှိမီ အပြေးအလွှား အိမ်ပြန်နေကြသည်ကိုလည်း တွေ့မြင်ရသည်။
အခြားအရှေ့တောင်အာရှနိုင်ငံတစ် နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် ရောဂါ ကူးစက်ခံရသည်ဟု အတည်ပြုပြီးသူ ၁၀၀ အောက်၌ပင် ရှိနေဆဲဖြစ်သော်လည်း နိုင်ငံခြားသားအားလုံးကို မတ် ၂၁ ရက်တွင် ပြည် ဝင်ခွင့် ပိတ်ပင်လိုက်သည်။
အရှေ့တောင်အာရှနိုင်ငံများအနက် ဖွံ့ဖြိုးမှုနိမ့်ကျသည့် မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ၎င်းတို့၏ ခနော်နီခနော်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များနှင့် ကျိုးပျက်လွယ်သော စီးပွားရေးတို့ကြောင့် စိုးရိမ်မှုများ ကြီးထွားနေစဉ် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူ မရှိဟု အခိုင်အမာ ပြောဆိုနေမှုများအပေါ် မယုံကြည်မှုများ မြင့်တက်လာ နေသည်။
မတ် ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၀၉ ၀၀ နာရီအထိ AFP ၏ စာရင်းပြုစုထားမှုအရ ကမ္ဘာတစ်လွှားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူပေါင်း ၃၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။
နိုင်ငံအာဏာပိုင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှနေ၍ စုဆောင်း ရရှိသော အချက်အလက်များအရ ကူးစက် ခံရသူပေါင်း ၃၀၀,၀၉၇ ဦး၊ သေဆုံးသူ ၁၂,၈၉၅ ဦးနှင့် ကူးစက်ခံရသူရှိကြောင်း အတည်ပြုပြီး နိုင်ငံနှင့် ဒေသ ၁၆၉ ခုတို့ ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
