ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တစ်ကမ္ဘာလုံးတွင်ရှိသော ကျောင်းသားဦးရေ ထက်ဝက်ခန့် သို့မဟုတ် လူငယ်သန်း ၈၅၀ ကျော်သည် ၎င်းတို့၏ စာသင်ကျောင်းများနှင့် တက္ကသိုလ်များသို့ သွားရောက် ပညာသင်ယူခြင်းမှ ဟန့်တားခံခဲ့ရကြောင်း UNESCO က ထုတ်ပြန်ခဲ့သည်။ နိုင်ငံပေါင်း ၁၀၂ နိုင်ငံတွင် စာသင်ကျောင်းများကို ပိတ်ထားကြပြီး နိုင်ငံ ၁၁ နိုင်ငံတွင် တစ်ချို့တစ်ဝက်ကို ပိတ်ထားကာ ကျောင်းထပ်မံ ပိတ်ထားရမှုများ ဖြစ်လာဖွယ်ရှိသည်ဟု ပြောကြားလျက် ယင်းသည် မကြုံစဖူးကြုံတွေ့ရသော စိန်ခေါ်မှုဟု UNESCO က ခေါ်ဆိုခဲ့သည်။ ကလေးငယ်၊ လူငယ် သန်း ၈၅၀ ကျော် (အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့ကျောင်းသားဦးရေ၏ထက်ဝက်) သည် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ဝေးရာတွင် နေနေရကြောင်း UNESCO က ဆိုသည်။ ထို့ကြောင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် သင်ခန်းစာများကို အွန်လိုင်းမှ တစ်ဆင့်သင်ကြားခြင်းနှင့် အခြားသော နည်းပညာမြင့် ဖြေရှင်းနည်းများအသုံးပြု၍ ဟာကွက်ကိုဖြည့်ရန် ကြိုးပမ်းနေကြကြောင်း UNESCO က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
