တောင်အမေရိကရှိ ကိုလံဘီယာတွင် ကိုကင်းထုတ်လုပ်မှုများသည် စံချိန်တင်လုနီးပါး မြင့်တက်နေစဉ် မူးယစ်ဆေးဂိုဏ်းများသည် မူးယစ်ဆေးဝါးများအား အမေရိကန်သို့ သာမက ဥရောပသို့ပင် မှောင်ခိုပို့ရန်အတွက် ရေပေါ် တစ်စိတ်တစ်ပိုင်းပေါ်သည့် ရေယာဉ်များကို ပုံမှန် အသုံးပြုလာနေကြောင်း နိုင်ငံအနောက်တောင်ပိုင်း ကမ်းရိုးတန်းမှ အာဏာပိုင်များက ပြောကြားခဲ့ကြသည်။
၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် တစ်လလျှင် သုံးစင်းနှုန်းဖြင့် ရေငုပ်ယာဉ် ၃၃ စင်းကို ဟန့်တားနိုင်ခဲ့ပြီး အများစုအား ကိုလံဘီယာ၏ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ယင်းသည် မူးယစ်ဆေးကုန်သွယ်မှုအား နှိမ်နင်းနေသော ရေတပ်ဗိုလ်ချုပ်ကြီး Mattos Dager နှင့် ၎င်း၏ Poseidon အထူးအဖွဲ့အတွက် အဓိက စိုးရိမ်စရာဖြစ်နေသည်။
ကိုကင်းအများအပြားအား ရေလမ်းမှတစ်ဆင့် ပို့နေကြကြောင်း၊ လေဆိပ်တွင် ကုန်များအား အစစ်အဆေး များပြားသောကြောင့် လေယာဉ်ထက် ရေလမ်းမှတစ်ဆင့် ကိုကင်း တန်ချိန်များစွာအား ပို့ဆောင်ရန် ပိုမိုလွယ်ကူစေကြောင်း Dager က ပြောကြားခဲ့သည်။ ကိုလံဘီယာ၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၈၀ သည် ပစိဖိတ်မှတစ်ဆင့် မှောင်ခိုထုတ်ခြင်းဖြစ်ပြီး ၁၄ ရာခိုင်နှုန်းကိုမူ ကာရစ်ဘီယံမှတစ်ဆင့် ပို့ဆောင်ခြင်းဖြစ်သည်။
ပစိဖိတ်ကမ်းရိုးတန်းအနောက် မြောက်ဘက်ရှိ ကိုလံဘီယာတွင် လမုပင်များ ဝန်းရံနေသောနေရာများ၌ လျှို့ဝှက်အလုပ်ရုံများတွင် ရေငုပ်သင်္ဘောများဟု မည်ကာမတ္တ ခေါ်ဆို၍ရသော ရေငုပ်ယာဉ်များကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရေတပ်ကင်းလှည့်စဉ် သို့မဟုတ် ရေဒါဖြင့် စောင့်ကြည့်မှုတွင် ထိုရေယာဉ်များအား ထောက်လှမ်းရန် ခက်ခဲလွန်းသည်ဟု ဆိုကြသည်။
မကြာသေးမီက ဖမ်းဆီးခဲ့မိမှုများနှင့်ပတ်သက်၍ Dager နှင့် ၎င်း၏အဖွဲ့တို့က ယင်းသည် ပြဿနာ ထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာ ဖြစ်နိုင်ခြေရှိကြောင်း လက်ခံထားကြသည်။
ပြီးခဲ့သောနှစ်တွင် ကိုကင်းထုတ်လုပ်မှုသည် ခန့်မှန်းခြေတန်ချိန် ၁၀၀၀ ကျော် ရှိနေသော်လည်း ရေတပ်က ဖမ်းဆီးမှုထက်ဝက်ကျော် ပါဝင်သော ကိုကင်း ၄၃၃ တန်ကိုသာ အစိုးရက ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဂိုဏ်းများ၏ ထိုရေငုပ်ယာဉ်များသည် အတ္တလန္တိတ်ကို ဖြတ်ကျော်နိုင်သည်အထိ ခေတ်မီပြီး တာရှည်ခံနိုင်ခြင်း ရှိ၊ မရှိ ကာလရှည်ကြာ ထွက်ပေါ်နေသောမေးခွန်းသည် ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် စပိန်၏ Galician ကမ်းရိုးတန်းအလွန်၌ ၂၂ မီတာရှည်သော ရေငုပ်ရေယာဉ်တစ်စင်းအား ရှာဖွေတွေ့ရှိခဲ့မှုက အဖြေပေးနိုင်ခဲ့ပြီဖြစ်သည်။
ထိုတစ်စိတ်တစ်ပိုင်း ရေငုပ်ယာဉ်သည် ကိုကင်းသုံးတန်ဝန်းကျင်ကို သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုရေယာဉ်အား မောင်းလာသူသုံးဦးအနက် နှစ်ဦးသည် အီကွေဒေါမှဖြစ်သည်ဟု သတင်းထွက်ခဲ့သည်။
Dager ၏အဖွဲ့က နိုင်ငံအနောက်တောင်ပိုင်း တူမာကိုမြို့၏ စခန်းတစ်ခုပတ်လည်မှ လမုတောထဲတွင် ရေငုပ်ယာဉ်များအား ရှာဖွေတွေ့ရှိခဲ့ကြသည်။ အီကွေဒေါနယ်စပ်၏ မြောက်ဘက်သာသာနှင့် ကိုလံဘီယာ အနောက်တောင်ဘက် နာရီနိုပိုင်နက်တွင် တည်ရှိသော တူမာကိုမြို့တွင် ကိုကာစိုက်ပျိုးမှုသည် နိုင်ငံ၏ အခြားမည်သည့်ဒေသထက်မဆို ပိုမိုများပြားနေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စိုက်ပျိုးခဲ့သောဟက်တာ ၁၆၉၀၀၀ (ဧက ၄၁၇၆၀၀) ၏ လေးပုံတစ်ပုံခန့် ရှိနေသည်။
ရင်သပ်ရှုမောဖွယ် ကမ်းခြေများကြောင့် ပစိဖိတ်၏ ရတနာဟု တင်စားခံခဲ့ရသော်လည်း မူးယစ်ဆေးဂိုဏ်းများအကြား ကာလရှည်ကြာ ပဋိပက္ခများ ဖိစီးနေသော တူမာကိုသည် မူးယစ်ဆေးနှိမ်နင်းရေးစစ်ပွဲ၏ အချက်အချာဖြစ်နေသည်။
မူးယစ်ဆေးဂိုဏ်းများသည် ရေငုပ်သင်္ဘောများ သုံးစွဲနေကြောင်း ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်မူ ကော်စတာရီကာကမ်းလွန်၌ ကိုကင်း ၃.၅ တန်တင်ဆောင်လာသော ရေငုပ်ရေယာဉ်တစ်စင်းအား စတင်ဖမ်းမိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
