ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်သော လူသေဆုံးမှု တစ်မှု ရှိခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်း၌ သေဆုံးသူ ၁၉ ဦးထိ ရှိလာခဲ့သည်။ ဖိလစ်ပိုင်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၀ ကျော် ရှိနေသည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံ့လူဦးရေထက်ဝက်ကျော်ကို နေအိမ်တွင်း၌ နေထိုင်ရန် အစိုးရက အကြံပြုထားပြီး နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းခြင်း၊ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းများ အရှိန်လျော့ကျနေချိန်တွင် အကူအညီထောက်ပံ့ခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းခြင်းတို့အတွက် ဆေးရုံများကို ပီဆို ၂၇.၁ ဘီလျံ (ဒေါ်လာ ၅၂၆.၆ သန်း) ရန်ပုံငွေထောက်ပံ့မည်ဟု ဖိလစ်ပိုင်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
