ကမ္ဘာတွင် ကိုရိုနာကပ်ဘေးကြောင့် ပျော်ရွှင်ခြင်းများ ဆိတ်သုဉ်းချိန်၌ ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက ဖင်လန်သည် ကမ္ဘာတွင် အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ကြောင်း သုံးနှစ်မြောက်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ကမ္ဘာ့နိုင်ငံ ၁၅၆ နိုင်ငံမှ လူများကို စစ်တမ်းပြုစုခဲ့သော World Happiness Report တွင် သုတေသနပညာရှင်များသည် ဂျီဒီပီ၊ လူမှုအထောက်အပံ့၊ ပုဂ္ဂိုလ်ရေးလွတ်လပ်မှု၊ ခြစားမှုပမာဏတို့ကို တွက်ချက်ပြီး တစ်နိုင်ငံချင်းစီ၏ပျော်ရွှင်မှုကို သုံးသပ်ခဲ့သည်။
ယခင်နှစ်များက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာများတွင် ထိပ်တန်း ၁၀ နိုင်ငံစာရင်းကို ဆွစ်ဇာလန်၊ နယူးဇီလန်၊ သြစတြီးယားတို့နှင့်အတူ နောဒစ်နိုင်ငံများက လွှမ်းမိုးထားခဲ့သည်။ လူဇင်ဘတ်က ယခုနှစ်တွင် အဆင့်(၁၀) နေရာကို ပထမဆုံး ဝင်လာခဲ့သည်။
“ အပျော်ရွှင်ဆုံးနိုင်ငံတွေက သူတွေဟာ ပိုင်ဆိုင်မှုဆိုတဲ့ စိတ်ခံစားမှု ရကြတယ်၊ တစ်ဦးနဲ့ တစ်ဦး ယုံကြည်တယ်၊ စိတ်ချတယ်၊ အသင်းအဖွဲ့တွေကို မျှဝေပိုင်ဆိုင်တယ်” ဟု အစီရင်ခံစာကို ရေးသားသူတစ်ဦးဖြစ်သော ဂျွန်ဟယ်လီဝဲက ပြောကြားခဲ့သည်။
ပျော်ရွှင်မှုကို တိုင်းတာသည့် စာရင်း၌ ယခုနှစ်တွင် ပျော်ရွှင်မှုအနည်းဆုံးနိုင်ငံများမှာ အကြမ်းဖက် ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှု ထူပြောနေကြသည့် ဇင်ဘာဘွေ၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်တို့ ဖြစ်ကြသည်။
လူဦးရေ ၅.၅ သန်းရှိသည့် ဖင်လန်သည် သစ်တောထူထပ်ပြီး အင်းအိုင် များပြားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံမြောက်ပိုင်းတွင် ပြင်းထန်သည့် ဆောင်းရာသီရှည်လျားမှုကြောင့် အရက်သောက်သုံးမှု မြင့်မားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလည်း မြင့်မားသည်။ သို့သော် လူထုကျန်းမာရေးအတွက် ဆယ်စုနှစ်ချီ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ဆိုးရွားမှုများကို ထက်ဝက်လျှော့ချနိုင်ခဲ့သည်။
ဖင်လန်လူထုသည် ဘဝအရည်အသွေး မြင့်မားမှု၊ လုံခြုံရေးနှင့် အများပြည်သူ ဝန်ဆောင်မှု ကောင်းမွန်ခြင်းတို့ကို ရရှိခံစားရပြီး OECD နိုင်ငံများတွင် ဆင်းရဲမွဲတေမှုနှင့် မညီမျှမှု အနိမ့်ဆုံးနိုင်ငံဖြစ်သည်။
ယခုနှစ် World Happiness Report အတွက် အချက်အလက်များကို ၂၀၁၈ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း စုဆောင်းခဲ့သောကြောင့် ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုများ အကျုံးဝင်မည် မဟုတ်ပေ။ သို့သော်လည်း ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့လူထုအား ကန့်သတ်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ခြင်းက အနာဂတ်တွင် ပျော်ရွှင်မှုကို တိုးမြှင့်နိုင်ကြောင်း အစီရင်ခံစာရေးသူများက ခန့်မှန်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်စဉ်ကာလအတွင်း စောင့်ရှောက်ကုသမှုပေးနေသော ကျန်းမာရေးလုပ်သားများအား အိမ်တွင် သီးခြားခွဲနေထိုင်နေရသူများက လေသာဆောင်ထွက်၍ သြဘာပေးနေသည်ကို ဥရောပတစ်ဝန်းတွင် ဆောင်ရွက်နေကြသည်။ အိမ်မှ မထွက်နိုင်သူများကို အရေးကြီးပစ္စည်းများ ဖြန့်ဖြူးပေးရန် အိမ်နီးချင်းများက ကူညီ ဆောင်ရွက်ပေးနေကြသည်။
နိုင်ငံတစ်နိုင်ငံ၏ လူမှုအဆောက်အအုံသည် မခိုင်မာလျှင် စိုးရွံ့ထိတ်လန့်မှု၊ စိတ်ပျက်မှု၊ ကြောက်ရွံ့မှုတို့သည် ပျော်ရွှင်မှုကို ပျက်စီးစေမည်ဖြစ်ကြောင်း အစီရင်ခံစာရေးသားသူများက သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
