မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ၁၁ ဦး ရှိလာ
24htopnews | October 18, 2024 11:12 AM CST
မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၁ ဦး ရှိလာပြီဖြစ်သည်။ နောက်ဆုံး သေဆုံးခဲ့သည့်သူသည် အသက် ၇၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သည်ဟု ကျန်းမာရေးညွှန်ကြားရေးမှူး ဒေါက်တာ Noor Hisham Hbdullah က မတ် ၂၃ တွင် Facebook ၌ ထုတ်ပြန်ခဲ့သည်။ ယင်းအမျိုးသားသည် ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ဖူးသူဖြစ်ကြောင်း၊ မတ် ၁၈ ရက်တွင် ဆေးရုံမရောက်မီ သတင်းတစ်ပတ်ကပင် ရောဂါလက္ခဏာများ ပြသခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မတ် ၁၉ ရက်တွင် COVID- 19 ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းအမျိုးသား၏ ကျန်းမာရေးအခြေအနေသည် ယိုယွင်းလာပြီး မတ် ၂၂ ရက်တွင် သေဆုံးခဲ့သည်ဟုဆိုသည်။ မလေးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၂၃ ဦးရှိပြီး စုစုပေါင်း ၁၃၀၆ ဦးရှိပြီဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
