ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၂၂ ဦးရှိပြီး စုစုပေါင်း ၇၂၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ် ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူများထဲတွင် ယခင်ဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့် ဆက်နွှယ်မှုရှိသည့် လူနာ ၂၀ ဦး၊ ပြည်ပမှရောက်ရှိသူ ၁၀ ဦးတို့ ပါဝင်ကြောင်း၊ ဗိုင်းရပ်စ်ရှိသည်ဟု စစ်ဆေးထားပြီးဖြစ်သည့် ၉၂ ဦးသည် ဗိုင်းရပ်စ်မည်သို့ ကူးစက်ခံရသည်ကို စစ်ဆေးခံရန် စောင့်ဆိုင်းနေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ထိုင်းတွင် ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ပြီးနောက် သေဆုံးသူတစ်ဦးသာ တွေ့ရှိခဲ့ကြောင်း၊ လူနာ ၅၂ ဦးသည် ပြန်လည်နာလန်ထူလာပြီး နေအိမ်သို့ပင် ပြန်သွားပြီဖြစ်ကြောင်း၊ ၆၆၈ ဦးသည် ဆေးရုံတွင် ကုသမှုခံယူနေဆဲဟု ၎င်းက ပြောကြားခဲ့သည်။ စူပါမားကတ်များမှအပ ဘန်ကောက်ရှိ စျေးဆိုင်တန်းများကို မတ် ၂၂ ရက်မှ ဧပြီ ၂ ရက်အထိ ပိတ်ထားပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
