အီရန်တွင် Iran Mall ရောဂါကြောင့် မတ် ၂၃ ၌ ၁၂၇ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၈၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ရာ အီရန်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးမှု အများဆုံး နိုင်ငံများထဲတွင် အီတလီ၊ စပိန်၊ ဂျာမနီနှင့်အတူ ပါဝင်ခဲ့သည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း အီရန်တွင် ကူးစက်မှုသစ် ၁၄၁၁ မှု ဖြစ်ပွားခဲ့သဖြင့် ကူးစက်မှုစုစုပေါင်း ၂၃၀၄၉ မှုအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Kianouche Jahanpour က ပြောကြားခဲ့သည်။
အီရန်တွင် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ နေ့စဉ်ပြုလုပ်နေသော Ja- Hanpour က သူသည် ဗိုင်းရပ်စ်နှင့် သက်ဆိုင်သော အချက်အလက်များအား ပြည်နယ်အလိုက် ထုတ်ပြန်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
ယင်းသည် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားနေသော ဧရိယာများတွင် နေထိုင်သူများအကြား စိုးရိမ်မှုလွန်ကဲမှုကို ရှောင်လွှဲနိုင်စေရန်နှင့် ကူးစက်မှုနည်းပါးသည့် ဒေသများတွင်လည်း သတိဖြင့်ဆက်လက်နေထိုင်စေရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်၏ ပြည်နယ် ၃၁ ခုစလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနက မကြာသေးမီရက်များအတွင်း ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ အထူးသဖြင့် အီရန်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အလွန်အမင်းဆိုးရွားနေကြောင်း ပြသနေခဲ့သည်။
ထိုဗိုင်းရပ်စ်တိုက်ဖျက်မှု အောင်မြင်သည့်အချိန်အထိ လူများသည် ၎င်းတို့၏ နေအိမ်များထဲသာ နေထိုင်ကြရန် အာဏာပိုင်များ၏ တိုက်တွန်းမှုများကို Jahanpour က ထပ်မံနှိုးဆော်ခဲ့သည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်တွင် ပြည်သူများက အားလပ်ရက်များနှင့် မိသားစုများ ဆုံစည်းကြရန်အတွက် ပုံမှန်အားဖြင့် ခရီးများထွက်လေ့ရှိကြသော အီရန်နှစ်သစ်ကူးကာလသို့ ရောက်ရှိနေစဉ် ယင်းကဲ့သို့ တိုက်တွန်းနေကြခြင်းဖြစ်သည်။ သို့သော် ဧပြီ ၃ ရက်အထိ ကြာမြင့်မည့် Nowruz အားလပ်ရက်ကာလကို ကျင်းပနေစဉ် အာဏာပိုင်များက ခရီးသွားလာမှု ပိတ်ပင်မှု သို့မဟုတ် ပိတ်ဆို့ထိန်းချုပ်မှု တစ်ခုကိုမျှ မချမှတ်သေးပေ။
ခါးသီးသောရန်ဘက်ဟောင်းနှင့် ဆရာယောင်ယောင် အမေရိကန်ထံမှ ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် ပတ်သက်သော မည်သည့်အကူအညီကိုမဆို အီရန်က လက်ခံသွားမည်မဟုတ်ကြောင်း ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီက မတ် ၂၂ တွင် ရုပ်သံမိန့်ခွန်း ပြောကြားခဲ့သည်။
အီရန်ခေါင်းဆောင်များကသာ တောင်းခံလာလျှင် ၀ါရှင်တန်သည် အီရန်ထံဗိုင်းရပ်စ် တိုက်ဖျက်ရေးအကူအညီပေးရန် အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၉ တွင် ပြောကြားခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
