မုံရွာမြို့ရှိ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ
24htopnews | October 18, 2024 12:12 PM CST
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နေအိမ်တစ်လုံးတွင် ယနေ့ အောက်တိုဘာ ၁၈ ရက်နံနက် ၇ နာရီ ၅၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မုံရွာမြို့၊ သလ္လာ(၂)ရပ်ကွက်၊ မြသစ္စာလမ်းနှင့် ရှေ့သို့လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ မုံရွာခရိုင်/မြိုနယ်မီးသတ်စခန်း၊ ကွေ့ကြီး၊ သလ္လာ၊ ထန်းတော၊ စက်မှုဇုန်၊ အောင်ချမ်းသာ၊ ဒေါနအရန်မီးသတ်စခန်းများနှင့် အလုံနယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၂၅ မိ နစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
