Top News

သီတင်းကျွတ်ကာလတွင် အဝေးပြေးယာဉ်လိုင်း (၂၀၀) ကျော် ပြေးဆွဲပေးနေ
24htopnews | October 18, 2024 12:12 PM CST

သီတင်းကျွတ်ကာလဖြစ်သည့် အများပြည်သူအားလပ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် အဝေးပြေးယာဉ်လိုင်း (၂၀၀)ကျော်ပြေးဆွဲပေးနေကြောင်း ရန်ကု န်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ သိရသည်။

သီတင်းကျွတ်မတိုင်မီ တစ်ရက်လျှင် ခရီးသွားပြည်သူ (၇၀ ၀၀) ကျော်ရှိခဲ့ရာမှ ယခုသီတင်းကျွတ်ကာလတွင် တစ်ရက်လျှင် ခရီးသွား ပြည်သူဦးရေ (၁၃၀၀၀) ကျော်လောက် ရှိနေကြောင်းလည်း သိရသည်။

ထို့ကြောင့် ယာဉ်အစီးရေ စုစုပေါင်း (၇၀၀) ကျော်ဖြင့် ယာဉ်လိုင်း (၂၀၀)ကျော်က ပြေးဆွဲပေးနေကာ ကားလက်မှတ်များ ဝယ်ယူရာတွင်လည်း အခက်အခဲ မရှိစေရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


READ NEXT
Cancel OK