၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုအ သင်းများနှင့် အုပ်စု(D)တွင် တစ်အုပ်တည်း ကျရောက်နေ ကာ အဆိုပါ ခြေစစ် ပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၁) ရက် မှ (၁၉) ရက်အထိ ကျင်းပပြု လုပ်သွားမည်ဖြ စ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ် ပြန်သည်။
အုပ်စု မဲခွဲပွဲကို အောက်တိုဘာ (၁၇)ရက်၌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့ပြီး၊ အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် လ က်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲတွင် အသ င်း (၁၉)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ (၅)သင်း (၃) အုပ်စုနှင့် (၄)သင်း တစ်အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ် သည်။
ခြေစစ်ပွဲ အုပ်စု(၄)ခုမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီ(ရှစ်သင်း)နှင့် အုပ်စုလေးခုမှ အကောင်းဆုံး အုပ်စုတတိယ အ သင်း စုစုပေါင်း (၉)သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သ ည်။
ပြိုင်ပွဲကို တရုတ်၊ အီရန်နှင့် ဂျပန်တို့ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း (၁၂) သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အ ဖြစ် တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ် မေ (၇) ရက် မှ (၁၈) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
လက်ရှိ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသ ည် လာမည့်နိုဝင်ဘာအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာဆီယံ အမျိုး သမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စက်တင် ဘာ (၃၀) ရက်မှစ၍ ပဏာမကစားသမား(၂၆ )ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအပြင် အာရှဖလား ခြေစ စ်ပွဲအတွက်ပါ ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်လျက်ရှိသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
