အီတလီ၏ စီးပွားရေးအခက်အခဲနှင့် ဒုက္ခသုက္ခရောက်မှုတို့က နေ့စဉ်နေထိုင်မှု အပေါ်သက်ရောက်မှုရှိသော်လည်း ဝန်ကြီးချုပ် Giuseppe Conte ၏အစိုးရအဖွဲ့က Lockdown ချထားမှုကို ဖြည်းဖြည်းချင်းသာ ရုပ်သိမ်းမည်ဟု မတ် ၂၉ ရက်တွင် ထုတ်ပြန် ခဲ့သည်။
အီတလီ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၂၉ ရက်တွင် သေဆုံးသူ ၇၅၆ ဦးရှိခဲ့ပြီး နောက် ဝန်ကြီးများနှင့် ကျန်းမာရေးတာဝန် ရှိသူများက အဆိုပါသတင်းကို ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ မတ် ၂၉ ရက်တွင် သေဆုံးမှု နှုန်းသည် မတ် ၂၇ ရက်က စံချိန်တင်ခဲ့သည့် သေဆုံးမှုနှုန်း ၉၆၉ ဦးထက် လျော့နည်းခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည်လည်း ပထမ ဆုံးအကြိမ် ခြောက်ရာခိုင်နှုန်းအောက် လျော့ နည်းခဲ့သည်။
ဧပြီ ၃ ရက်တွင် သက်တမ်းကုန်ဆုံးမည့် Lockdown ချသည့်စီမံချက်ကို သက်တမ်း ထပ်တိုးရမည်ဖြစ်ကြောင်း Regional Affairs ဝန်ကြီး ဖရန့်ကိုဘိုချီယာက Sky TG 24 ရုပ်သံသို့ ပြောကြားခဲ့သည်။
“အခုအချိန်မှာ ပြန်လည်ဖွင့်လှစ်ဖို့အကြောင်း ဆွေးနွေးတာဟာ သင့်တော်မှုမရှိ သလို တာဝန်မသိတတ်မှုလို့ ယူဆတယ်။ ကျွန်တော်တို့အားလုံး ပုံမှန်အခြေအနေကို ပြန်ရောက်ချင်ကြတယ်။ ဒါပေမဲ့ အပြောင်း အလဲမတိုင်မီအထိ ကျွန်တော်တို့ Lockdown ချထားရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံ၌ ပထမ ဆုံးစတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် အီတလီတွင် စီးပွားရေး လုပ်ငန်းအားလုံးနီးပါး အလွန်အမင်း ဆုံးရှုံး စေခဲ့သည်။
စီးပွားရေးထိခိုက်မှုရှိခဲ့သည့် မိသားစုဝင်များနှင့်ကုမ္ပဏီများအတွက် အစိုးရ၏ကနဦး ဒေါ်လာ ၂၈ ဘီလျံ ကယ်ဆယ်ရေးစီမံ ချက်သည် အရွယ်အစားလေးဆရှိလာနိုင် ခြေရှိသည်ဟု ဒုတိယဘဏ္ဍာရေးဝန်ကြီး Laura Castelli က ပြောကြားခဲ့သည်။
“ကျွန်မအမြင်အရဆိုရင် ဒေါ်လာ ၁၁၀ ဘီလျံထက်မနည်း လိုအပ်လိမ့်မယ်” ဟု Castelli က La Stampa သတင်းစာသို့ ပြောကြားခဲ့သည်။
အီတလီတွင် ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ ပြီးနောက် စာသင်ကျောင်းအားလုံးကို ပိတ် ပစ်ခဲ့ပြီး Lockdown ချထားမှုကို တဖြည်း ဖြည်းတိုးမြှင့်ကာ မတ် ၁၂ ရက်တွင် စတိုး ဆိုင်အားလုံးနီးပါးကို ပိတ်ပစ်ခဲ့သည်။
အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၇၇၉ ဦး ရှိလာပြီ ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူဟု တရားဝင် စာရင်းသွင်းထားသည့်အရေအတွက်သည် ၁၀၀,၀၀၀ နီးပါးခန့်ရှိသည်။
ကူးစက်မှုနှုန်း လျော့ကျလာမှုကို ပြသ ခြင်းသည် ပိုမိုတင်းကျပ်မှုလိုအပ်ကြောင်း ပြသခြင်းဖြစ်သည်ဟု အစိုးရကျန်းမာရေးအကြံပေး Luca Richeldi ” က ပြောကြားခဲ့သည်။
“ကျွန်တော်တို့က အလွန်ရှည်ကြာတဲ့ တိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ ကျွန်တော် တို့ရဲ့ အပြုအမူတွေကနေ ကျွန်တော်တို့အ သက်တွေကို ကယ်တင်နိုင်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဝန်ကြီးများသည် Lockdown ချထား မှု ထပ်တိုးမည့်ကာလကို လာမည့်ရက်များ တွင် ဆုံးဖြတ်နိုင်ခြေရှိသည်။
ဝန်ကြီးချုပ် Conte သည် Lockdown ချထားမှုကို ဆက်လက်ထိန်းထားရန် လုပ်ပိုင်ခွင့်ရှိသူဖြစ်သည်။ ရှိနေပြီးဖြစ်သည့် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုသည် ဇူလိုင် ၃၁ ရက်တွင် သက် တမ်းကုန်ဆုံးမည်ဖြစ်သည်။ စီမံချက် အများစုကို ဇွန်မတိုင်မီ ရုပ်သိမ်းနိုင်ခြေရှိသည်ဟု Conte က အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
