ထိုင်းနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် မတ် ၂၉ ရက်က ထောင်ထဲ၌ COVID-19 ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်သောကြောင့် ဒါဇင်နှင့်ချီသော ထောင်သားများက ထောင်တွင်းဆူပူမှု တစ်ရပ်အတွင်း ပရိဘောဂများကို ပစ်ပေါက်ဖျက်ဆီးခြင်းနှင့် ပြတင်းပေါက်များကို ရိုက်ချိုးဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်မှုအတွင်း အကျဉ်းသားအချို့ လူပေါင်း ၂၀၀၀ ကို ထိန်းသိမ်းထားရာ ဘူရီရမ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု တရားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လူပေါင်း ခုနစ်ဦးကို ဖမ်းဆီးရမိပြီးပြီ ဟုဆိုသည်။
ဒေသခံမီဒီယာများက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်မှနေ၍ မည်းမှောင်သည့်မီးခိုးများ ထွက်နေပုံ ဗီဒီယိုများကို ပြသခဲ့ကြသည်။
“အကျဉ်းသား တစ်အုပ်က ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပြီး ဆူပူမှုကို ဖန်တီးတာပါ။ ထောင်ထဲက ပစ္စည်းတချို့ကို မီးရှို့ခဲ့ကြပါတယ်” ဟု အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နာရက်ဆဝီတာနာက ပြောကြားခဲ့သည်။
အကျဉ်းထောင်ထဲ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် အကျဉ်းသားများအား ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ရန် စိတ်ကျန်းမာရေး ဝန်ထမ်းများကို တာဝန်ချထား ခဲ့သည်ဟု ဗိုလ်ချုပ်ကြီး အက်ကာရာဒေ ပီမွန်ဆရီက ပြောကြားခဲ့သည်။
“အနေအထားက ထိန်းချုပ်မှုအောက် ရောက်နေပါပြီ” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံတွင် မတ် ၂၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၃၈၈ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိသည်။
အကျဉ်းသား နှစ်ဦးထက်မနည်းသည်လည်း ကူးစက်လွယ်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်။
ထောင်များအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် အာဏာပိုင်များက ဧည့်သည်တွေ့မှုကို ပိတ်ပင်ထားပြီး အသစ်ရောက်ရှိလာသည့် အကျဉ်းသားများအား ရောဂါခြေချုပ်အဖြစ် သီးသန့်ခွဲထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ရာမှ အလားတူ ထောင်တွင်းဆူပူတစ်ရပ် မတ် ၂၂ ရက်က ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာတွင် ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
