ယခုသီတင်းပတ်အကုန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှားတွင် သေဆုံးသူ ၃၀,၀၀၀ ကျော်သွားချိန်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က နယူးယောက်အား Lockdown ချထားရန် အစီအစဉ်ကို ပြန် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထရန့်က နယူးယောက်မြို့အား ရောဂါ ခြေချုပ်ချထားရန်နှင့်ပတ်သက်၍ နောက်ပြန်ဆုတ်လိုက်ခြင်းက ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်ခန့် မမျှော်လင့်ဘဲ Lockdown ချထားခံလိုက်ရသည့် ရောဂါကူးစက်ပျံ့နှံ့မှု ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကမ္ဘာ့နေရာအနှံ့အပြားမှ စိုးရိမ်ထိတ်လန့်မှုများနှင့် စိတ်ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြနေ သည်။
ဥရောပတစ်ခုတည်းပင်လျှင် သေဆုံးသူအရေအတွက် ၂၀,၀၀၀ ကျော်ရှိပြီး အ ဆိုးရွားဆုံးခံရသည့် အီတလီနှင့် စပိန်နိုင်ငံ တို့တွင် တစ်ရက်တည်း၌ပင် သေဆုံးသူ ၈၀၀ ကျော်စီ အသီးသီး ရှိကြသည်။
ဒေသခံနိုင်ငံရေးခေါင်းဆောင်များထံမှ အပြင်းအထန်ဆန့်ကျင်မှုများနှင့် အကြီး အကျယ် ပျံ့နှံ့နိုင်သည့် စိုးရိမ်ထိတ်လန့်မှု များနှင့် ပတ်သက်သော သတိပေးမှုများ ထွက်ပေါ်လာပြီးနောက် မတ် ၂၈ ရက်အ နှောင်းပိုင်းတွင် ထရန့်သည် နယူးယောက် မြို့နှင့် အနီးပတ်ဝန်းကျင်ကို အကြီးအကျယ် Lockdown ချထားရန် အစီအစဉ်ကို ဆန့် ကျင်ရန် ဆုံးဖြတ်ခဲ့သည်။
အမေရိက၌ ရောဂါပျံ့နှံ့ရာ အချက်အ ချာနေရာဖြစ်ပြီး ရောဂါခြေချုပ်ချထားရန် အဆိုပြုခံထားရသည့် နယူးယောက်ဒေသအနေဖြင့် ထိတ်လန့်တုန်လှုပ်မှုဖြစ်ပေါ်ခဲ့ပြီး နောက် ထရန့်က “ရောဂါခြေချုပ်ချထားဖို့ မ လိုအပ်ပါဘူး”ဟု Twitter တွင် ရေးသားခဲ့သည်။
အမေရိကန်တွင် မတ် ၂၈ ရက်အထိ သေဆုံးသူ ၂,၁၀၀ ရှိပြီး သုံးရက်အတွင်း နှစ်ဆကျော် တက်လာခြင်းဖြစ်သည်။ သေဆုံးသူ ၂၅ ရာခိုင်နှုန်းကျော်သည် နယူးယောက် မြို့မှ ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်တွင် အတည်ပြုပြီး COVID-19 ရောဂါကူးစက် ခံရသူအများဆုံးမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး ၁၂၄,၀၀၀ ရှိကြောင်း Johns Hopkins စာရင်းဇယားအရ သိရသည်။
ဥရောပနိုင်ငံများသည် လူသေဆုံးမှု၌ အမေရိကထက် ပိုမိုဆိုးရွားခဲ့ပြီး လူပေါင်း ၂၀,၀၀၀ ကျော် သေဆုံးပြီး ဖြစ်သည့်အနက် ထက်ဝက်ခန့်မှာ အဆိုးရွားဆုံးခံရသည့် အီ တလီနိုင်ငံမှ ဖြစ်သည်။
အီတလီတွင် သေဆုံးသူအရေအတွက် မှာ မတ် ၂၈ ရက်တွင် ၁၀,၀၀၀ ကျော်သွား ခဲ့ပြီး Lockdown ချထားသည်မှာ ၁၆ ရက် ကြာလာခဲ့ပြီးသည့်တိုင် လျော့ပါးလာမည့် လက္ခဏာ မပြသေးပေ။ မတ် ၂၇ ရက်တွင် သေဆုံးသူ ၉၆၉ ဦး ရှိခဲ့ပြီးနောက် မတ် ၂၈ ရက်တွင် ၈၈၉ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
စပိန်သည် ကမ္ဘာပေါ်တွင် ဒုတိယ မြောက် လူသေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး မတ် ၂၈ ရက်တွင် ၈၃၂ ဦး ထပ်မံ သေဆုံးခဲ့ ရာ စုစုပေါင်း သေဆုံးသူ ၅,၈၁၂ ဦး ရှိသွား ပြီဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု နည်းပါးသော် လည်း ရုရှားနိုင်ငံက မတ် ၃၀ ရက်တွင် နယ် စပ်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။
ပြင်သစ်တွင် သေဆုံးသူအရေအတွက် သည် ၂,၀၀၀ ပြည့်လုနီးပြီဖြစ်ပြီး ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်ပီက တိုက်ပွဲသည် ယခု မှ စရုံရှိသေးသည်ဟု သတိပေးခဲ့သည်။
မတ် ၂၈ ရက်တွင် ဗြိတိန်တွင် သေဆုံး သူ ၁,၀၀၀ ကျော်လာပြီး ဘယ်လ်ဂျီယမ်တွင် သေဆုံးသူအရေအတွက်မှာ ယခင်နေ့က ၂၈၉ ဦးသာ ရှိရာမှ မတ် ၂၈ ရက်တွင် ၃၅၃ ဦးသို့ စံချိန်တက် ခုန်တက်လာသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
