အိန္ဒိယမြောက်ပိုင်းတွင် အသက် ၇၀ ရှိ ဆစ်ခ်ဘာသာရေးခေါင်းဆောင်တစ်ဦးသည် COVID-19 ဖြစ်ပွားမှုကြောင့် တင်းကျပ်သော ရောဂါခြေချုပ်ဖြင့် နေထိုင်နေရစဉ် သေဆုံးခဲ့ပြီးနောက် ထိုဂုရုနှင့် ထိတွေ့ခဲ့ဖွယ်ရှိသူ ၁၅၀၀၀ ထက်မနည်း ရောဂါကူးစက်ခံရဖွယ်ရှိနေကြောင်း သိရသည်။
ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပြင်းထန်နေသော အီတလီနှင့် ဂျာမနီတို့မှ ပြန်လာခဲ့ပြီးနောက် ဂုရု Bakdev Singh က ပန်ဂျပ်ပြည်နယ်၏ ရွာပေါင်း တစ်ဒါဇင်ကျော်တွင် ဟောပြောမှုများ လုပ်ဆောင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်၍ အိန္ဒိယတွင် အတင်းကျပ်ဆုံး သတိပေးမှုများ ပြုလုပ်ခဲ့ရသည်။
ထိုကျေးရွာ ၁၅ ရွာအနက် ပထမဆုံး ရွာအား မတ် ၁၈ တွင် ပိတ်ဆို့ခဲ့ပြီး ထိုပိတ်ဆို့ ခံရသော ရွာများ၌ လူ ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ရှိသည်ဟုထင်ကြောင်း ဆင်းနေထိုင်သော ဘန်ဂါခရိုင်၏ အောက်ရုံးတရားသူကြီး Gaurav Jain က ပြောကြားခဲ့သည်။ ဆေးဘက်အဖွဲ့များ အသင့်ထားရှိပြီး ပုံမှန်စောင့်ကြည့် စစ်ဆေးနေကြောင်း ၎င်းက မတ် ၂၇ တွင် ပြောကြားခဲ့သည်။
ထိုဂုရုနှင့် ထိတွေ့ခဲ့သော ၁၉ ဦးတွင် COVID-19 ဖြစ်ပွားခဲ့ပြီး အခြားသူ ၂၀၀ ကျော်၏ ရလဒ်များကို စောင့်ဆိုင်းနေကြောင်း ဒေသဆိုင်ရာ ဒုတိယရဲမင်းကြီး ဗီနေးဘူလာနီက ပြောကြားခဲ့သည်။
ထိုဂုရုနှင့် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ၎င်း၏ တွဲဖက်နှစ်ဦးတို့သည် ဥရောပမှပြန်လာပြီးနောက် သီးသန့်ခွဲနေရန် ညွှန်ကြားမှုများအား လျစ်လျူပြုခဲ့ပြီး ၎င်းနေထိုင်မကောင်းဖြစ်သည့် အချိန်အထိ ဟောပြောမှုခရီးစဉ်များ ပြုလုပ်ခဲ့သည်။
ရွာများသို့ လှည့်လည်ပြီး ၎င်းက ရောဂါပိုးပျံ့နှံ့စေမှုနှင့် ပတ်သက်သော သီချင်းတစ်ပုဒ်အား ကနေဒါအခြေစိုက် ထင်ရှားသော ပန်ချာပီအဆိုတော် Sidhu Moose Wala က Youtube တွင် ဖြန့်ချိခဲ့ရာ နှစ်ရက်ပင် မပြည့်သေးမီ ကြည့်ရှုမှုအကြိမ် ၂.၃ သန်းကျော် ရှိခဲ့သည်။ ထိုသီချင်းအား ဗိုင်းရပ်စ် သတိပေးမှုအဖြစ် သဘောထား၍ နားထောင်ကြရန် ပန်ဂျပ်ရဲချုပ် ဒင်ကာဂုပတ္တားက လှုံ့ဆော်ခဲ့သည်။
အိန္ဒိယတွင် မတ် ၂၈ အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ ၉၀၀ နီးပါးနှင့် သေဆုံးသူ ၁၉ ဦး ရှိနေပြီး ကမ္ဘာ့ကပ်ရောဂါ၏ ထိခိုက်ခံစားရမှုတွင် အခြားနိုင်ငံများထက် နည်းပါးနေသေးသည်။
သို့သော် ရောဂါစမ်းသစ်စစ်ဆေးမှုများ မရှိခြင်းကြောင့် ကူးစက်ခံရမှုအများအပြားကို စစ်ဆေးတွေ့ရှိခြင်း မရှိခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
အိန္ဒိယမြောက်ပိုင်းရှိ ရာဂျာစတန်ပြည်နယ်၏ ဘီဝါရာမြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ၁၉ မှုတွင် နှစ်ဦး သေဆုံးခဲ့ပြီးနောက် အလားတူ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ ထိုအစုလိုက်အပြုံလိုက် ကူးစက်မှု၏ ရင်းမြစ်ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ထိုကူးစက်လူနာများအား ကုသပေးခဲ့သော ဆေးရုံတစ်ဝိုက် တစ်ကီလိုမီတာ (၀.၆ မိုင်) ကို မသွားလာရဇုန်အဖြစ် သတ်မှတ်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
