ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀,၀၀၀ ကျော်အထိ ရှိလာသည်ဟု အေအက်ဖ်ပီက မတ် ၂၈ ရက် ဂရင်းနစ်စံတော်ချိန် ၁ဝး၄၅ နာရီအထိ ရရှိခဲ့သည့် စာရင်းအရ သိရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၆၀၅,၀၁၀ ရှိလာပြီး နိုင်ငံနှင့် နယ်မြေ ၁၈၃ ခုတွင် သေဆုံးသူ ၂၇,၉၈၂ ဦး ရှိလာပြီ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၄,၈၃၇ ဦး ရှိပြီး ၁,၇၁၁ ဦး သေဆုံးခဲ့သည်။ အီတလီသည် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ ၉,၁၃၄ ဦးနှင့် ကူးစက်ခံရသူ စုစုပေါင်း ၈၆,၄၉၈ ဦး ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် တရုတ်တွင် ကူးစက်ခံရသူ ၈၁,၃၉၄ ဦးနှင့် သေဆုံးသူ ၃,၂၉၅ ဦး ရှိသည်။ နိုင်ငံအများစုတွင် သံယယရှိသူများကို စမ်းသပ်မှုများ လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ယင်းကိန်းဂဏန်းများသည် ဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်၏ အစိတ်အပိုင်းတစ်ခုကိုသာ ကိုယ်စားပြုသည်။
စပိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း လူ ၈၃၂ ဦးအထိ စံချိန်တင်သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅,၆၀၀ ကျော်အထိ မြင့်တက်လာပြီဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်သည် ၇၂,၂၄၈ ဦးကျော် မြင့်တက်လာသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
စပိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် အရေအတွက်သည် ၈,၀၀၀ ကျော် မြင့်တက်လာသည်ဟု ဖော်ပြခဲ့သော်လည်း ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသည့် အရေအတွက်သည် လျော့ကျသွားသည်ဟု ထင်မှတ်ရကြောင်း၊ ကူးစက်ရောဂါသည် အထွတ်အထိပ်သို့ ရောက်လုနီးပါးရှိလာသည်ဟု ထင်မှတ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မက်ဒရစ်သည် ဗိုင်းရပ်စ်ကူးစက်ခံရမှု အဆိုးရွားဆုံးဒေသဖြစ်ပြီး သေဆုံးသူ ၂,၇၅၇ ဦးနှင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁,၅၂၀ ရှိခဲ့သည်။ စပိန်တွင် အနည်းဆုံး ဧပြီ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုများ ချမှတ်ထားဦးမည်ဖြစ်သည်။ မတ် ၂၈ ရက်အစောပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပို့ဆောင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူများအတွက် တရုတ်အစိုးရက ပေးပို့သည့် နှာခေါင်းစည်း ၁.၂ သန်းကို လက်ခံရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၂၈ ရက်တွင် လူ ၁၃၉ ဦး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၂,၅၁၇ ဦးအထိ မြင့်တက်လာသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၀၇၆ ဦး ရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၅,၄၀၈ ဦး ရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Kianoush Jahanpour က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁,၆၇၉ ဦးသည် ပြန်လည်နာလန်ထူလာပြီး ဆေးရုံမှ ဆင်းသွားပြီဟုလည်း ၎င်းက ပြောကြားခဲ့သည်။ အီရန်တွင် လူ ၅၇ သန်းသည် ဗိုင်းရပ်စ်အတွက် စစ်ဆေးခံခဲ့သည်ဟုလည်း Jahanpour က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
