အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံးတစ်နေရာဖြစ်သော နယူးယောက်မှ ကျန်းမာရေးဝန်ထမ်းများသည် အလုပ်ချိန် နာရီများစွာ လုပ်ကိုင်နေရပြီး အကာအကွယ် ကိရိယာ အရေးတကြီး လိုအပ်နေသည့်အပြင် ကူးစက်မှု မြင့်တက်လာသောကြောင့် ၎င်းတို့၏ ဘေးအန္တရာယ် ကင်းရှင်းမှုကိုလည်း စိုးရိမ်နေကြသည်။
ဗိုင်းရပ်စ် အလျင်အမြန် ကူးစက်မှုကြောင့် များပြားလာနေသော လူနာများကို ၂၄ နာရီမပြတ် စောင့်ကြပ်ကြည့်ရှုပေးနေသော ဆရာဝန်များ၊ သူနာပြုများသည် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းအတွက် ရှေ့တန်းတွင် အသက်နှင့်ရင်း၍ တိုက်ပွဲဝင်နေကြသည်။ အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၅၀၀ ကျော်လာခဲ့ပြီး မန်ဟက်တန်ဆေးရုံမှ သူနာပြုမန်နေဂျာ ကီရုစ်ကယ်လီသည် ထိုစာရင်းတွင် ပါဝင်သွားခဲ့သည်။
ပလတ်စတစ်အကာအကွယ် ဝတ်စုံများ၊ ဆေးရုံသုံးနှာခေါင်းစည်းများအပြင် မရှိမဖြစ် လိုအပ်သော အထောက်အပံ့ပစ္စည်းများ မလုံမလောက် ဖြစ်နေခြင်းကို စိတ်ပျက်နေကြသည့် ကျန်းမာရေးဝန်ထမ်း အမြောက်အမြားကို အမျိုးသားသူနာပြု ကယ်လီသေဆုံးမှုက ပို၍ထိတ်လန့်စေခဲ့သည်။
“ ငွေ မလုံလောက်ပါဘူး။ စမ်းသပ်စစ်ဆေးမှုတွေ မလုံလောက်ပါဘူး။ ဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ လူတွေအတွက် ကာကွယ်ရေးဝတ်စုံ မလုံလောက်ပါဘူး။ ဆရာဝန်တွေတင် မကပါဘူး၊ သူနာပြုတွေ၊ လက်ထောက်ဝန်ထမ်းတွေ၊ အစောင့်တွေကအစ ဆေးရုံက လူတိုင်းဟာ ဗိုင်းရပ်စ်ကို အထိအတွေ့ များပြားလာနေပါတယ်” ဟု နယူးယောက်ဆေးရုံတွင် စိတ်ရောဂါ တက်ရောက် ကုသခဲ့ဖူးသော အင်ဒရူးဆိုသူက ပြောကြားခဲ့သည်။
အသက် ၄၈ နှစ် အရွယ် အမျိုးသား သူနာပြု ကယ်လီသည် အကြီးမားဆုံး ပေးဆပ်မှုကို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းများ တုန်လှုပ်နေကြကြောင်း ကယ်လီ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း ဒိုင်ရာနာတောရက်စ်က ပြောကြားခဲ့သည်။
ကယ်လီသေဆုံးမှုအတွက် အကာအကွယ်ပစ္စည်း အလုံအလောက် မရခဲ့ခြင်းကို ဒေါသထွက်ခဲ့မှုများသည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ပြီး အမှိုက်အိတ် ဝတ်ဆင်ထားသော ဝန်ထမ်းတစ်ဦး၏ပုံသည် လူများကြား ခေတ်စားသွားခဲ့သည်။
နယူးယောက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄,၆၀၀ ကျော်ရှိပြီး ဆေးရုံတက်နေ သူ ၆,၅၀၀ နီးပါးရှိသည်။ အရေးကြီးဆုံး ကူးစက်မှုများအတွက် စမ်းသပ်ရန် ကန့်သတ်ထားမှုကြောင့် အင်ဒရူးသည် ဖျားနာသော်လည်း စမ်းသပ်စစ်ဆေးမှုကို မခံခဲ့ရပေ။ အခြားသော နယူးယောက် ဒေသခံများသည်လည်း အင်ဒရူးကဲ့သို့ပင် ဖြစ်သည်။
အင်ဒရူး၏ရောဂါသည် မပြင်းထန်သော်လည်း ဆေးရုံရှိ အခြားသူများသည် အကွာအကွယ် အလုံအလောက်မရှိဘဲ လူမမာများနှင့် ထိတွေ့နေရမှုကြောင့် ပြင်းထန်သော ကူးစက်မှုများ ဖြစ်လာနိုင်သည်ကို ၎င်းက စိုးရိမ်နေသည်။
နယူးယောက်မြို့တော်ဝန် ဘီဒီဘလာစီယိုက ကျန်းမာရေး အလုပ်သမားများအတွက် အားဖြည့်မှုများ ဆောင်ရွက်ပေးရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။
နယူးယောက်အတွက် အဆိုးဆုံး အခြေအနေသည် သီတင်းပတ် သုံးပတ်အတွင်း ဖြစ်မလာနိုင်သေးကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။ အမေရိကန်သည် မတ် ၂၇ တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော်ခဲ့သော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြုစုထားသော စာရင်းအင်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
