ကျန်းမာရေးဝန်ထမ်းများအတွက် ဗိုင်းရပ်စ်အကာအကွယ်ပေးသည့် ဝတ်စုံ ပြတ်လပ်မှုက COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ် ၂၇ တွင် သတိပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းမှုတိုက်ပွဲသည် အစပျိုးရုံသာရှိသေးသည်ဟု WHO က သတိပေးခဲ့ပြီးနောက် PPE ဝတ်စုံများ ထုတ်လုပ်မှုကို မြန်မြန်ဆန်ဆန်အရှိန်မြှင့် ထုတ်လုပ်ရန် စက်မှုအင်အားကြီးနိုင်ငံများကို တိုက်တွန်းခဲ့သည်။
“ ကမ္ဘာတစ်ဝန်း PPE ဝတ်စုံပြတ်လပ်မှုက လူ့အသက်တွေ ကယ်တင်မယ့် ကျွန်တော်တို့ရဲ့ စုပေါင်းစွမ်းရည်တွေအပေါ် အဆိုးရွားဆုံးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေ အန္တရာယ်ရှိရင် ကျွန်တော်တို့အားလုံး အန္တရာယ်ရှိတာပါပဲ” ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျီနီဗာတွင် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယင်းအခက်အခဲကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုတို့နှင့်သာ ဖြေရှင်းနိုင်မည်ဟု Tedros က ပြောကြားခဲ့သည်။ ဆင်းရဲသည့်နိုင်ငံများရှိ ကျန်းမာရေးဝန်ထမ်းများသည် ချမ်းသာသည့် နိုင်ငံများရှိ ကျန်းမာရေးဝန်ထမ်းများ ကဲ့သို့ပင် တူညီသည့် ကာကွယ်စောင့်ရှောက်မှု ရသင့် ရထိုက်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
WHO သည် PPE ဝတ်စုံ နှစ်သန်းနီးပါးခန့်ကို နိုင်ငံ ၇၄ နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ နောက်ထပ် နိုင်ငံ ၆၀ ကိုလည်း အလားတူ အရေအတွက်အတိုင်းပေးပို့ရန် ပြင်ဆင်နေကြောင်း Tedros က ပြောကြားခဲ့သည်။
အသက်ပေါင်းများစွာ ကယ်တင်ရန်အတွက် လိုအပ်သော ဝတ်စုံ၊ ကိရိယာများ ထုတ်လုပ်ပြီး ဖြန့်ဖြူးပေးရန်အတွက် ဂျီ-၂၀ နိုင်ငံများသည် ၎င်းတို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အင်အားနှင့် တီထွင်ဖန်တီးမှုတို့ကို အသုံးပြုရန် ၎င်းက တိုက်တွန်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုသည် ဥရောပမှ ဖြစ်သည်ဟု တရားဝင်ထုတ်ပြန်သည့် စာရင်းများကို အခြေခံပြီး အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ ယမန်နှစ်တွင် တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၅၀,၀၀၀ ခန့် ရှိလာပြီဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသူများအနက် လူ ၁၀၀,၀၀၀ ကျော်သည် ပြန်လည်နာလန်ထူလာပြီဟု Tedros က ပြောကြားခဲဲ့သည်။
သတိရှိမှုသည် ဘေးကင်းမှုရှိကြောင်း၊ မှန်ကန်သည့်စမ်းသပ်ချက်၊ ကာကွယ်ဆေးအတွက် အနည်းဆုံး ၁၂ လမှ ၁၈ လအထိ ကြာမြင့်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံထားရသူများကို ကုသရန် အထောက်အကူပြုနိုင်သည့် ကုသနည်းများရှာဖွေရန် စမ်းသပ်ချက်များ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
နော်ဝေနှင့် စပိန်တွင် ပထမဆုံးဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာများသည် WHO ၏ စည်းလုံးညီညွတ်မှု စမ်းသပ်ချက်ဟု ခေါ်ဆိုသည့် စမ်းသပ်စစ်ဆေးမှုတွင် စာရင်းပေးခဲ့ကြသည်။ နိုင်ငံ ၄၅ နိုင်ငံကျော်သည်လည်း ယင်းစမ်းသပ်စစ်ဆေးမှုတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ဗိုင်းရပ်စ်ကူးစက်မှုတွင် ဥရောပတွင် စုစုပေါင်း ၃၀၀၀၀၀ ရှိသည်ဟု အေအက်ဖ်ပီ၏ စာရင်းများတွင် ဖော်ပြခဲ့သည်။ အမေရိကန်သည် တရုတ်နှင့် အီတလီကို ကျော်တက်ပြီး ကမ္ဘာတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
