အီတလီနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်သည့် ကြီးမားသော ရိုက်ခတ်ချက်နှင့် ပတ်သက်၍ ဆက်လက်ရုန်းကန်နေရချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး၏ သက်ရောက်မှုများကြောင့် အီတလီ၌ မတ် ၂၇ ရက်အထိ ဆရာဝန်ပေါင်း ၅၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မတ် ၂၇ ရက်အထိ COVID-19 စမ်းသပ်စစ်ဆေးမှု၌ Positive ဖြစ်ခဲ့သည့် စုစုပေါင်း ဆရာဝန် ၅၁ ဦး သေဆုံးခဲ့ကြောင်း အီတလီဆရာဝန်များအသင်းကို ကိုးကားလျက် CNN သတင်းဌာနက ဖော်ပြခဲ့သည်။
အီတလီဆရာဝန်များအသင်းဥက္ကဋ္ဌ ဖိလစ်ပိုအနယ်လီက ကာကွယ်၍ရနိုင်သော သေဆုံးမှုများသည် ဆေးကုသရေးပရော်ဖက်ရှင်၌ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်းကို ထောက်ပြလျက် အီတလီမှ ဆရာဝန်များကို PPE ဝတ်စုံများ ပိုမိုထောက်ပံ့ကြရန် တောင်းဆိုခဲ့သည်။
“ ဗိုင်းရပ်စ် ဖြန့်ချိ်တဲ့သူတွေ ဖြစ်မလာအောင် ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ဟာ ပထမဆုံး လုပ်ရမယ့်အရာပါ၊ ကျွန်တော်တို့ ဆရာဝန်တွေဟာ လက်နက်မပါဘဲ စစ်ပွဲကို စေလွှတ်ခံနေရပါတယ်” ဟု အနယ်လီက The Financial Times ၌ မတ် ၂၆ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးတွင် ပြောကြားထားသည်။
“သေဆုံးမှုက အသံမထွက်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သေဆုံးသွားတဲ့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နာမည်တွေက ဒီမှာ အဖြူနဲ့အနက်ကို ဝတ်ဆင်ပြီး နားကွဲလောက်အောင် အသံပြုနေပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
အီတလီနိုင်ငံသည် ကမ္ဘာပေါ်၌ COVID-19 ကြောင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ယခုအထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး ဖြစ်သည်။
မတ် ၂၇ ရက်အထိ အီတလီနိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၈၆,၀၀၀ ရှိပြီး ၉၁၀၀ သေဆုံးကာ ၁၁,၀၀၀ ပြန်လည်နာလန်ထခဲ့ပြီး ဖြစ်သည်။ အီတလီတွင် ကျန်းမာရေးဝန်ထမ်းပေါင်း ၆,၄၁၄ ဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်လွှား၌ ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန်ကြိုးပမ်းသည့် နောက်ထပ်ကျန်းမာရေးဝန်ထမ်း ထောင်နှင့်ချီလျက်သည်လည်း PPE လုံလောက်မှု မရှိခြင်းကြောင့် ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
