အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈၅,၀၀၀ ကျော်အထိ တွေ့ ရှိခဲ့ပြီးနောက် တရုတ်နှင့်အီတလီကို ကျော်တက်ပြီး ကမ္ဘာတွင် ဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာခဲ့သည်။ စစ်ဆေးမှု ပို၍ ဆောင်ရွက်လာသောကြောင့် အမေရိကန်တွင် ကူး စက်မှုများ မြင့်တက်လာဖွယ် ရှိသည်ဟု ခန့် မှန်းထားကြသည်။
အီတလီနှင့်တရုတ်တွင်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈၀,၀၀၀ ကျော်စီ ရှိထား ပြီး အမေရိကန်အပါအဝင် ယင်းသုံးနိုင်ငံ၌ ဗိုင်းရပ်စ် ကူးစက်ခံရမှုသည် တစ်ကမ္ဘာလုံး ကူးစက်ခံရမှု၏ထက်ဝက်နီးပါး ရှိခဲ့သည်။
တရုတ်တွင် လူနာအများစုသည် ပြန်လည် နာလန်ထူလာသော်လည်း နောက်ပိုင်း၌ ကူးစက်မှု မြင့်မားခဲ့သော နိုင်ငံများတွင် ဆေးရုံများ လူနာပြွတ်သိပ်မှု၊ ပစ္စည်း ကိရိယာများ ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။
တရုတ် အလယ်ပိုင်း ဝူဟန်မှ စတင်ခဲ့သော ယင်းဗိုင်းရပ်စ်ကို ဟန့်တားရန်အတွက် ကမ္ဘာတစ်ဝန်းရှိ မြို့များတွင် ပိတ်ဆို့ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့ရာ ကမ္ဘာ့လူဦးရေ၏ သုံးဘီလျံခန့်သည် နေအိမ်တွင်းသာ နေထိုင် နေကြရသည်။
ကမ္ဘာတစ်ဝန်းတွင် ယင်းဗိုင်းရပ်စ် ကြောင့် နာမကျန်း ဖြစ်သူ ၅၃၀,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂၄,၀၀၀ ကျော်ခဲ့ပြီ ဖြစ် သည်။ အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၃၀၀ ကျော် ရှိခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားရန်နှင့် နိုင်ငံသားများကို ကာကွယ်ရန်အတွက် ဘဏ္ဍာရေး၊ သိပ္ပံဆိုင်ရာ ရင်းမြစ်၊ ဆေးဘက်ဆိုင်ရာနှင့်စစ်ရေးဆိုင်ရာ ရင်းမြစ်အားလုံးကို အသုံးပြုပြီး ဗိုင်းရပ်စ်ကို တိုက်ဖျက်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ပြောကြားခဲ့သည်။
အမေရိကန် လူဦးရေ၏ ၄၀ ရာခိုင်နှုန်း သည် ပိတ်ဆို့ထိန်းချုပ်မှု အောက်တွင် နေ ထိုင်နေရပြီး အမေရိကန်နိုင်ငံသားများ လူမှု ရေးအရခွာခွာနေထိုင်မှုကို လိုက်နာကျင့်သုံး ရန် တိုက်တွန်းခဲ့သည်။
ဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူမှုရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး သက်ရောက်မှုများ ကို တန်ပြန်ရန် ကမ္ဘာ့စီးပွားရေးအတွက် ဒေါ်လာ ၅ ထရီလျံ သုံးစွဲမည် ဖြစ်ကြောင်း လည်း ထရန့် ပြောကြားခဲ့သည်။
တရုတ်နှင့်ဥရောပကို ဝင်ရောက်ဖျက် စီးပြီးနောက် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဗိုင်းရပ်စ် ၏နောက်ထပ် ပစ်မှတ် ဖြစ်လာနိုင်ပြီး ဖွံ့ဖြိုး ဆဲနိုင်ငံများကို ကူညီမည်ဖြစ်ကြောင်း မတ် ၂၆ ဂျီ၂၀ ထိပ်သီးတွင် ခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့စီးပွားရေး ကို ထိခိုက်နေပြီ ဖြစ်ကာ ကမ္ဘာ့အကြီးဆုံး အ မေရိကန် စီးပွားရေးသည် ပြီးခဲ့သည့် သီတင်း ပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက် ထားသူ ၃.၃ သန်းထိ စံချိန်တင်ခဲ့ကြောင်း အလုပ်သမားဌာနက ပြောကြားခဲ့သည်။
အမေရိကန်တစ်ဝန်း အလုပ်အကိုင် ဆုံးရှုံးမှုများ မြင့်တက်နေပြီး နယူးယောက် တွင် လူ သန်းဝက်ခန့် အလုပ် ဆုံးရှုံးနိုင် ကြောင်း နယူးယောက်မြို့တော်ဝန် ဘီဒီဘ လာစီယိုက ပြောကြားထားသည်။
အိန္ဒိယတွင် လူဦးရေ ၁.၃ ဘီလျံကို ၂၁ ရက်ကြာ ပိတ်ဆို့ထိန်းချုပ်မှု ဆောင်ရွက်ခဲ့ရာ စီးပွားရေးထိခိုက်မှုများအတွက် ဒေါ်လာ၂၂ ဘီလျံ သုံးစွဲမည်ဟု အစိုးရက ကြေညာခဲ့သည်။ ယင်းစီးပွားရေးလှုံ့ဆော်မှု အ စီအစဉ်၌ လူသန်း ၈၀၀ ခန့်ကို လစဉ် ရိက္ခာ ထောက်ပံ့မှု ပါဝင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
