ရပ်တန့်နိုင်ရန်အတွက် လျင်မြန် အားကောင်းသည့် နည်းလမ်းများကို ကျင့်သုံးနေသော်လည်း ယခုနှစ်အတွင်း ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၁.၈ သန်း ကျော်နိုင်သည်ဟု မတ် ၂၆ ရက်တွင် ထုတ်ပြန်သည့် ဗြိတိန်နိုင်ငံ Imperial College မှ လေ့လာချက်တစ်ရပ်က ခန့်မှန်းထားသည်။
ရောဂါပိုးစစ်ဆေးခြင်း၊ ရောဂါခြေချုပ်ချထားခြင်းနှင့် လူချင်း ခပ်ခွာခွာနေထိုင်ခြင်းကို အကြီးအကျယ် ကျင့်သုံးခြင်းတို့ အပါအဝင် တိကျသည့် ပြည်သူ့ကျန်းမာရေးနည်းလမ်းများကို အစိုးရအဖွဲ့များက အလျင်အမြန် ချမှတ်လုပ်ဆောင်ပါက လူပေါင်း ကုဋေနှင့်ချီသော အသက်များကို ကယ်တင်နိုင် လိမ့်မည်ဟု သုတေသနပြုလုပ်သူများက ပြောကြားခဲ့သည်။
၎င်း၏ ယခင်သုတေသနက ဗြိတိန်အစိုးရအား ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အားထုတ်မှုများ မြှင့်တင်ရေးကို လှုံ့ဆော်ပေးခဲ့သည့် လန်ဒန်မြို့ရှိ Imperial College မှ နောက်ဆုံးအစီရင်ခံစာသည် AFP သတင်း ဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ စာရင်းဇယားများအရ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၂,၀၀၀ နှင့် ရောဂါကူးစက်ခံရသူ ၅၀၀,၀၀၀ ရှိလာချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
Imperial College ၏ ပုံစံတူဖန်တီးမှု ပြုလုပ်ခြင်းသည် ဗိုင်းရပ်စ်၏ ပြင်းထန်မှု၊ ကူးစက်နိုင်စွမ်းနှင့် ခန့်မှန်းသေနှုန်းတို့အပြင် အသက်အပိုင်းအခြားလိုက်တည်ရှိမှုနှင့် လူ့ အသိုင်းအဝိုင်းဆိုင်ရာ အကြောင်းခြင်းရာ များတို့နှင့် ပတ်သက်သည့် လက်ရှိအချက်အ လက်များအပေါ် အခြေခံထားသည်။
လုံးဝ ကြားဝင် ဆောင်ရွက်မှုမရှိပါက မည်သို့ဖြစ်လာနိုင်သနည်းဟူသည်နှင့်ပတ်သက်၍ အလေးအနက်ဆင်ခြင်သုံးသပ်သည့် တွက်ချက်မှုတစ်ရပ်တွင် လေ့လာချက်က ယင်းကဲ့သို့ဆိုလျှင် ယခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါး ရောဂါကူးစက်ခံရနိုင်ပြီး လူပေါင်း သန်း ၄၀ နီးပါး အသက်ဆုံးရှုံး ရနိုင်သည်ဟု ဆိုသည်။
ယင်းနောက် လေ့လာချက်သည် မိမိတို့ဘာသာ လူချင်း ခပ်ခွာခွာနေခြင်းမှသည် (ယခုအခါ အဆိုးရွားဆုံးသက်ရောက်ခံရသည့် နိုင်ငံအချို့တွင် လက်ရှိကျင့်သုံးနေသည့်) တင်းကျပ်စွာ Lockdown ချထားခြင်း နည်းလမ်းများအထိ ကွဲပြားခြားနားသည့် တုံ့ပြန်မှုအဆင့်အမျိုးမျိုးကို ကြည့်ပြီး နိုင်ငံပေါင်း ၂၀၂ နိုင်ငံစလုံး၌ ဖြစ်နိုင်ခြေရှိသည့် ကျန်းမာရေးဆိုင်ရာရိုက်ခတ်ချက်များကို တွက်ချက်ကြည့်ခဲ့သည်။
တိကျသော ထိန်းချုပ်ကန့်သတ်မှု နည်းလမ်းများကို အစောပိုင်းတွင် ထိရောက်စွာ ချထားနိုင်လျှင်ပင် သီတင်းတစ်ပတ်တွင် လူ ပေါင်း ၁၀၀,၀၀၀ ၌ သေဆုံးသူ ၀.၂ ဦးနှုန်း ရှိမည်ဖြစ်ပြီး ပုံစံထုတ်မှုတွင် ယခုနှစ်အတွင်း လူပေါင်း သန်း ၄၇၀ နီးပါး ကူးစက်ခံရကာ ၁.၈၆ သန်း သေဆုံးမည်ဖြစ်ကြောင်း ပြသ နေသည်။
ယင်းကဲ့သို့သော နည်းလမ်းများကို နောက်ကျပြီးမှ ဆောင်ရွက်ပါက သီတင်းတစ်ပတ်တွင် လူပေါင်း ၁၀၀,၀၀၀ ၌ သေဆုံးသူ ၁.၆ ဦးနှုန်း ရှိမည်ဖြစ်ပြီး လူပေါင်း ၂.၄ ဘီလျံ ကူးစက်ခံရကာ သေဆုံးသူ ၁၀.၄၅ သန်း ရှိလာသည်အထိ အကြီးအကျယ် မြင့်တက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ယခုလေ့လာချက်တွင် ထိန်းချုပ်ကန့်သတ်မှု နည်းလမ်းများကြောင့် ထိခိုက်ဆုံးရှုံးမည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကုန်ကျမှုများကို ထည့်သွင်းထားခြင်း မရှိပေ။ ယင်းတို့သည် လွန်စွာမြင့်မားမည်ဖြစ်ပြီး ဝင်ငွေနိမ့်ပါးသည့် နောက်ခံများတွင် အချိုးအစား မညီမျှစွာ ဖြစ်ပေါ်လိမ့်မည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
