စပိန်တွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID- 19 ကြောင့် လူ ၆၅၅ ဦး ထပ်မံသေဆုံးခဲ့သဖြင့် မတ် ၂၆ အထိ သေဆုံးသူ စုစုပေါင်း ၄၀၈၉ ဦးထက်မနည်း ရှိလာခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် မတ် ၂၅ တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သော ပမာဏထက် ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း လည်းဖြစ်သည်။
ယင်းအတွက်ကြောင့် စပိန်သည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံး အီတလီပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။
စပိန်တွင် မတ် ၁၄ ၌ တစ်နိုင်ငံလုံးအား ပိတ်ဆို့ထိန်းချုပ်မှု ပြုလုပ်ခဲ့ပြီး ဧပြီ ၁၁ အထိ သက်တမ်းတိုးရန် ပါလီမန်က မတ် ၂၆ တွင် သဘောတူခဲ့သည်။ ယင်းသို့ ပိတ်ဆို့ထားသော်လည်း သေဆုံးသူနှင့် ကူးစက်သူအရေအတွက်သည် ဆက်လက်မြင့်တက်နေခဲ့ပြီး ယခုသီတင်းပတ်သည် အလွန်အမင်း ဆိုးရွားဖွယ်ရှိကြောင်း တာဝန်ရှိသူများက သတိပေးခဲ့ကြသည်။ သို့သော် မတ် ၁၆ တွင် ထုတ်ပြန်ခဲ့သော သေဆုံးသူအရေအတွက်သည် မတ် ၂၅ တွင် သေဆုံးသူ ၇၃၈ ဦးထက် အနည်းငယ် လျော့နည်းခဲ့သည်။
ပိတ်ဆို့ထိန်းချုပ်မှုသည် လိုချင်သော ထိရောက်မှုများ ရှိ၊ မရှိကို မကြာမီ ရှင်းရှင်းလင်းလင်း သိရမည်ဟု ကျန်းမာရေးတာဝန်ရှိ သူများက မျှော်လင့်နေကြသည်။
မက်ဒရစ်ဒေသတွင် ကူးစက်မှု ၁၇၂၀၀ နီးပါး ရှိခဲ့ပြီး တစ်နိုင်ငံလုံး ကူးစက်မှုစုစုပေါင်း၏ သုံးပုံတစ်ပုံအောက် ရှိကာ သေဆုံးသူ ၂၀၁၉ ဦးရှိသောကြောင့် သေဆုံးသူစုစုပေါင်း ၏ ၅၁ ရာခိုင်နှုန်းရှိနေသည်။
ဇနီးဖြစ်သူလည်း ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရသော စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က ယင်းသည် စပိန်တွင် ၁၉၃၆- ၃၉ ပြည်တွင်းစစ်အပြီး အခက်ခဲဆုံးကာလကို ကြုံနေရကြောင်း ပြောကြားခဲ့သည်။
စပိန်သည် ဥရောပတွင် လူ့သက်တမ်းအရှည်ဆုံးနိုင်ငံများ၌ တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး အများအားဖြင့် ရောဂါအားခုခံနိုင်စွမ်း အားနည်းသော သက်ကြီးပိုင်းအများစု သေဆုံးခဲ့မှုကြောင့် အထိနာဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့သည်။
မတ် ၂၆ အထိ ဥရောပတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအရေအတွက်သည် ၂၅၀၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး ထိုကူးစက်မှုအားလုံး၏ ထက်ဝက်ကျော်သည် အထိနာဆုံးဖြစ်နေသော အီတလီနှင့် စပိန်တို့မှဖြစ်ကြောင်း အေအက်ဖ်ပီ၏စာရင်းပြုစု မှုကဖော်ပြခဲ့သည်။
ဥရောပသည် COVID- 19 ရောဂါကြောင့် ကမ္ဘာတွင် အထိနာဆုံးဒေသဖြစ်ခဲ့ပြီး သေဆုံးသူ ၁၅၀၀၀ နီးပါးအပါအဝင် ကူးစက်မှု ၂၅၈၀၆၈ မှု ရှိနေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် သေဆုံးသူ ၃၆၃၆ ဦးနှင့် ကူးစက်သူ ၁၀၀၉၃၇ ဦးသာရှိသော အာရှဒေသထက် ပိုမိုများပြားနေကြောင်း နိုင်ငံအလိုက် ကျန်းမာရေးဆိုင်ရာအချက်အလက်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်မှုများအရ သိရသည်။
ယခုအခါ နိုင်ငံနှင့်နယ်မြေ ၂၀၀ နီးပါးတွင် COVID- 19 ရောဂါကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး မတ် ၂၆ အထိ သေဆုံးသူစုစုပေါင်း ၂၂၀၀၀ ကျော်နှင့် ကူးစက်မှု ၄၈၀၀၀၀ ကျော် ရှိလာခဲ့သည်။ ပြန်လည်ကောင်းမွန်သွားသူ အရေအတွက်မှာ ၁၂၀၀၀၀ နီးပါးရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
