မလေးရှားဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်၊ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက လစာနှစ်လစာမယူဘဲ ယင်းငွေများကို နိုင်ငံ၏ COVID- 19 တိုက်ဖျက်ရေးရန်ပုံငွေအတွက် ထည့်ဝင်လှူ ဒါန်းသွားမည်ဖြစ်သည်။
COVID- 19 ဗိုင်းရပ်စ်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သူများကို ကူညီပေးရန်အတွက် အစိုးရအဖွဲ့၏ ကတိပြုမှုကို အတည်ပြုမည့်ရက်မတိုင်မီ အစိုးရအဖွဲ့အစည်းအဝေးတွင် လစာနှစ်လစာမယူရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက မတ် ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ထိခိုက်ခဲ့ရသူများကို ကူညီပေးရန် ကြိုးပမ်းမှုအဖြစ် COVID- 19 ရန်ပုံငွေကို မတ် ၁၁ ရက်တွင် စတင်ခဲ့ပြီး အစိုးရ၏ထောက်ပံ့ကြေးအပါအဝင် မတ် ၂၅ ရက်အထိ ရန်ပုံငွေ ဒေါ်လာ ၁၉၆၄၀၀၀ ရရှိခဲ့သည်။
သွားလာမှုကို ထိန်းချုပ်သည့် ညွှန်ကြားချက်သည် ဧပြီ ၁၄ ရက်အထိ အသက်ဝင်မည်ဖြစ်သည်။ ယင်းညွှန်ကြားချက်အပြင် မလေးရှားနိုင်ငံသားများအား ပြည်ပသို့ ခရီးသွားလာခွင့်များ ပိတ်ပင်ခဲ့သည့်အပြင် နိုင်ငံခြားသားများကိုလည်း နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသူများမှအပ ယင်းပိတ်ပင်မှုတွင် အစိုးရနှင့် ပုဂ္ဂလိက အဆောက်အအုံများအားလုံး ပါဝင်သည်။
စူပါမားကက်၊ ကုန်ခြောက်ဆိုင်နှင့် နေ့စဉ်လိုအပ်သည်များကို အချိန်မရွေးဝယ်ယူနိုင်သည့် ကုန်စုံဆိုင်တို့မှလွဲပြီး ဘာသာရေးအဆောက်အအုံအားလုံးနှင့် စီးပွားရေးအဆောက်အအုံများကိုလည်း ပိတ်ပစ်ခဲ့သည်။
မလေးရှားတွင် COVID- 19 ကြောင့် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်လာပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၀ ကျော်ရှိလာပြီဖြစ်သည်။ မလေးရှားသည် အရှေ့တောင်အာရှတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုအမြင့်ဆုံး နိုင်ငံလည်းဖြစ်သည်။ ဗိုင်းရပ်စ်ထပ်မံကူးစက် ခံရသူများအနက် ၆၀ သည် Sri Petaling ဗလီတွင် ဘာသာရေးစုဝေးမှုတစ်ခုနှင့် ဆက်စပ်ပြီး အစုအပြုံလိုက် ကူးစက်ခံရသူများနှင့် ဆက်နွှယ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကျန်ရှိသည့် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၁၇၅ ဦးကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း၊ ၎င်းတို့သည်လည်း အခြားအစုအပြုံလိုက် ကူးစက်ခံရမှုနှင့် ဆက်စပ်နိုင်ခြေရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသည့် အရေအတွက်သည် သီတင်းတစ်ပတ်အတွင်း နှစ်ဆမြင့် တက်လာခဲ့သည်။
နန်းတော်ရှိ ဝန်ထမ်းခုနစ်ဦးတွင် ဗိုင်း ရပ်စ်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မလေးရှားဘုရင်နှင့် မိဖုရားတို့သည်လည်း ရောဂါခြေချုပ်ဖြင့် နေနေရသည်။ ဘုရင်နှင့် မိဖုရားသည် ဗိုင်းရပ်စ်ကူးစက်ခံထားရမှု မရှိကြောင်းလည်း နန်းတော်က ထုတ်ပြန်ခဲ့သည်။
ယင်းဝန်ထမ်းခုနစ်ဦးသည် ကွာလာလမ်ပူဆေးရုံတွင် ကုသမှုခံယူနေကြောင်း၊ ၎င်းတို့၏အခြေအနေသည် တည်ငြိမ်မှုရှိကြောင်း Istana Negara နန်းတော်က ထုတ်ပြန်ခဲ့သည်။ ဝန်ထမ်းများ ရောဂါကူးစက်ခံရသည့် ရင်းမြစ်ကို ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
