ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ကမ္ဘာတစ်ဝန်းတွင် ဆိုးရွားနေချိန်၌ စင်ကာပူ စီးပွားရေးသည် ဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း အဆိုးဆုံးကျဆင်းမှုကို ရင်ဆိုင်ခဲ့ရကြောင်း စာရင်းအင်းများက မတ် ၂၆ တွင် ဖော်ပြခဲ့သည်။
ပို့ကုန်ကို အဓိက မှီခိုနေရသော ဘဏ္ဍာရေးဗဟိုချက် စင်ကာပူသည် ကမ္ဘာတွင် ပွင့်လင်းမှုအရှိဆုံး စီးပွားရေးအင်အားကြီး တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးခိုင်မာမှုအတွက် ရည်ညွှန်းမှတ်အဖြစ် ရှုမြင်ခံရသည်။ စင်ကာပူသည် ဇန်နဝါရီ- မတ်သုံးလပတ်တွင် စီးပွားရေးတိုးတက်မှု ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ယခုနှစ်တွင် စီးပွားရေးကျဆင်းရန် မျှော်လင့်ထားရပြီ ဖြစ်သည်။
“ကိုဗစ်-၁၉ ဟာ စင်ကာပူကမ်းခြေကို လာရိုက်တဲ့ စီးပွားရေးဆူနာမီလိုပါပဲ” ဟု စင်ကာပူ၏ OCBC Bank မှ သုတေသနနှင့် မဟာဗျူဟာဌာန ဥက္ကဋ္ဌဆီလီနာလင်းက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေးတိုးတက်မှု စာရင်းအင်းများကို ပထမဆုံး ထုတ်ပြန်သော နိုင်ငံများ၌ စင်ကာပူက တစ်နိုင်ငံအပါအဝင် ဖြစ်ခဲ့သည်။
ကမ္ဘာ့လူဦးရေ၏ ၃ ဘီလျံကျော်သည် ပိတ်ဆို့ထိန်းချုပ်ခံနေရချိန်တွင် ကမ္ဘာသည် နက်ရှိုင်းသော စီးပွားရေးကျဆင်းမှုကို ဦးတည်နေကြောင်း လက္ခဏာများ ထွက်ပေါ်လာနေပြီး စင်ကာပူစီးပွားရေး အလားအလာက မျှော်လင့်ချက်ကို ထိုးနှက်ပစ်ခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ အစိုးရများနှင့် ဗဟိုဘဏ်များသည် ကိုရိုနာကပ်ဘေးကို တိုက်ဖျက်ရန်အတွက် မကြုံစဖူး အရေးယူဆောင်ရွက်မှုများကို ချမှတ်ဆောင်ရွက်နေသည်။
အထိနာနေသော အမေရိကန်စီးပွားရေးကို ကယ်တင်ရန်အတွက် ဒေါ်လာ ၂ ထရီလျံ သုံးစွဲရေး သဘောတူညီချက်ကို အမေရိကန်အထက်လွှတ်တော် ခေါင်းဆောင်များက သဘောတူထားသည်။
ယခုနှစ် ပထမသုံးလပတ်တွင် စင်ကာပူ စီးပွားရေး ၂.၂ ရာခိုင်နှုန်း ကျဆင်းမှုသည် ၂၀၀၉ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံး သုံးလပတ်စီးပွားရေးဖြစ် ခဲ့သည်။
စီးပွားရေးကဏ္ဍအားလုံး ထိခိုက်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအင်းများက ခန့်မှန်းခဲ့သည်။
ဘဏ္ဍာရေး ဗဟိုချက်နှင့် ခရီးသွားလုပ်ငန်း ဗဟိုချက်ဖြစ်သော စင်ကာပူသည် ကမ္ဘာ့အကျပ်အတည်းများကို ပထမဆုံး ကြုံတွေ့ရသော နိုင်ငံများတွင် ပါဝင်လေ့ရှိသည်။ သေးငယ်ပြီး ပွင့်လင်းသော စီးပွားရေးဖြစ်သည့် စင်ကာပူ ထိခိုက်ပြီးလျှင် ပို့ကုန်ကို မှီခိုသော အခြားအာရှနိုင်ငံများကို ရိုက်ခတ်လာတတ်သည်။ ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကိုလည်း စင်ကာပူကုန်သွယ်ရေးဝန်ကြီးဌာနက လျှော့ချခဲ့ပြီး ယခုနှစ်၌ စီးပွားရေးသည် ၁ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းကြား ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်မီကပင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် စင်ကာပူစီးပွားရေး ထိခိုက်နေခဲ့ပြီးဖြစ်သည်။ သုံးလပတ် မကုန်ဆုံးမီ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ထုတ်ပြန်လေ့ရှိသည့် စင်ကာပူသည် နောက်ပိုင်းတွင် ပြင်ဆင်သုံးသပ်ချက်ကို ထုတ်ပြန်မည်ဖြစ်သည်။
အခြားသော နိုင်ငံအများအပြားကဲ့သို့ပင် စင်ကာပူသည် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံခြားခရီးသွားအားလုံး တားမြစ်ခြင်း၊ ဘားများနှင့် ခြား ဖျော်ဖြေရေးနေရာများအား ပိတ်ထားခြင်းတို့ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း နှစ်ဦးသေဆုံးပြီး ၆၃၀ ကျော် ကူးစက်ခံထားရသည့် စင်ကာပူတွင် အလုံးစုံ ပိတ်ဆို့ထိန်းချုပ်မှုကို ဆောင်ရွက်ရန် ငြင်းဆန်ထားဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
