ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း အပါအဝင် မြဝတီနယ်စပ်ဂိတ်ပေါက်နှင့် မြို့နယ် ၁၀ မြို့ကျော်တွင် တရားမဝင် သွင်းကုန်များကို အရှိန်မြှင့် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ဆေးရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ယင်းသို့ ဝင်ရောက်ဖမ်းဆီးမှုများမှ တဆင့် ၃ ရက်အတွင်း အမှုပေါင်း ၅၀ နီးပါးဖမ်းဆီးရမိကြောင်း တန်ဖိုးအားဖြင့် ကျပ် သန်း ၁,၄၀၀ ကျော် ရှိနေကြောင်းလည်း ဘီဘီစီမြန်မာပိုင်း၏ သတင်းဖော်ပြချက်အရလည်း သိရသည်။
နစကဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နယ်စပ်မှ တင်သွင်းလာသည့် စားသောက်ကုန်၊ လူသုံးကုန်များကို ကြပ်မတ် ဖမ်းဆီးရန် ညွှန်ကြားပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ စစ်ဆေးမှု ပိုမိုအရှိန်မြှင့်လာကြောင်း ကုန်သည်များကလည်း ပြောသည်။
နစကဒုဥက္ကဌက အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းဝေးတွင် မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသည့် တရားမဝင်ကုန်သွယ်မှု ကြီးထွားလာခြင်းအား တိုက်ဖျက်တားဆီးရမည်ဖြစ်ပြီး၊ လမ်းကြောင်းများ စောင့်ကြည့်ဖမ်းဆီးရမည့် အပြင် ဂိုဒေါင်များ၊ သိုလှောင်ရုံများကိုလည်း လိုက်လံ စစ်ဆေးဖမ်းဆီးခြင်းနှင့် ဈေးကွက်များအတွင်းပါ ကွင်းဆင်းဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
