Top News

ရရှိသည့်အကျိုးအမြတ်များကို ရေဘေးသင့်ဒေသများ လှူဒါန်းမည်ဟု ပြည်တွင်းဖြစ်ချည်သားအဝတ်အထည်များ ထုတ်လုပ်သည့် Yit by J.M ပိုင်ရှင်ဖြစ်သူ ပြောကြား
24htopnews | October 18, 2024 3:12 PM CST

ရရှိသည့်အကျိုးအမြတ်များကို ရေဘေးသင့်ဒေသများ လှူဒါန်းမည်ဟု ပြည်တွင်းဖြစ်ချည်သားအဝတ်အထည်များ ထုတ်လုပ်သည့် Yit by J.M ပိုင်ရှင်ဖြစ်သူ ဒေါ်ဂျူလိုင်က ပြောကြားသည်။

“ဒီကရတဲ့အကျိုးအမြတ်တွေကို ရေဘေးသင့်ဒေသတွေကို လှူဒါန်းသွားမှာပါ” ဟု Yit by J.M ပိုင်ရှင်ဖြစ်သူ ဒေါ်ဂျူလိုင်က ပြောကြားသည်။

ပြည်တွင်းဖြစ်ချည်သားကို အသုံးပြုထားသည့် အဝတ်အထည်များ၊ ပုဝါများကို မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ ရက်က ဝန်ကြီးများရုံးမှာ ကျင်းပစဉ် ဒေါ်ဂျူလိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာရာသီဥတုနဲ့လည်း ကိုက်ညီမယ့်ဟာမျိုးကို စဉ်းစားပြီး ထုတ်ဖြစ်တာပါ။ လောလောဆယ်တော့ ပြည်တွင်းကိုပဲ အဓိက ဖြန့်ဖြူးပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Yit by J.M မိတ်ဆက်ပွဲအား သရုပ်ဆောင် ယမုံမြင့်မြတ်နှင့် Tik Tok ဆယ်လီ ယွန်းမီမီသိမ့်တို့က တက်ရောက်ခဲ့ပြီး ဝယ်ယူသူများကို အမှတ်တရ လတ်မှတ်ရေးထိုးပေးခဲ့ကြောင်း၊ လက်ရှိတွင် ပြည်တွင်းဖြစ် ချည်သားများဖြင့်ထုတ်လုပ်ထားသည့် အမျိုးအစားပေါင်း ၁၀ မျိုးခန့်ရှိကာ တစ်သောင်းခွဲကျပ်မှ စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK