စားအုန်းဆီများကို သီတင်းကျွတ်ဈေးရောင်းပွဲတော်၌ ဈေးသက်သာစွာဝယ်နိုင်
24htopnews | October 18, 2024 3:12 PM CST
ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ သီတင်းကျွတ်စျေးရောင်းပွဲတော်တွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဖော်ပြချက်အရ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်၌ စားအုန်းဆီ 5 Liters ဗူးများကို ရောင်းချပေးနေကာ စားအုန်းဆီတစ်ပိဿာလျှင် ယခု တပတ်ရည်ညွှန်းဈေးနှုန်းကျပ် (၆၃၅၅)ကျပ်ဖြင့် ဗူးတန်ဖိုးသာကျသင့်မည် ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို ယခုသီတင်းကျွတ်ရုံးပိတ်ရက်များတွင် ငါးရက်သာ ရပ်နားထားပြီး အောက်တိုဘာ ၂၁ ရက်နေ့မှသာ ပြန်လည်ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။

READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
