တံဆိပ်တုံးအတုဖြင့် သက်တမ်းတိုးထားသည့် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပါက အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ကြေညာထား သည်။
လက်ရှိတွင် အတုအပပြုလုပ်ထားသည့် တရားမဝင် တံဆိပ်တုံးများကို အသုံးပြု၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကိုင်ဆောင်နေခြင်းကို တွေ့နေရသည့်အတွက် တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် တံဆိပ်တုံးအတုဖြင့် သက်တမ်းတိုးထားသည် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခြင်းကို သတိပြုရှောင်ရှားနိုင်ရန်လည်း အသိပေးထားသည်။
ယင်း မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်အသုံးပြုရာတွင် သတိပြုရန် အချက်များကို လိုက်နာရန်နှင့် မသမာသူများ၏ စည်းရုံးသိမ်းသွင်းမှုကို သတိပြုရှောင်ရှားနိုင်စေရန် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်မိပါက မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင်ပြီး စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သံရုံးကြေညာချက်အရ သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
