ဟားမတ်စ်ခေါင်းဆောင် ယာ့ယာ ဆင်ဝါ သတ်–ဖြတ်ခံလိုက်ရပြီးနောက်တွင် အစ္စရေးနှင့် စစ်ပွဲကို ပြင်းထန်သော အဆင့်သစ်တစ်ခုသို့ ဖော်ဆောင်နေသည်ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်သွေးကြွအုပ်စုက သောကြာနေ့(အောက်တိုဘာ ၁၈) တွင် ပြောဆိုသကဲ့သို့ အီရန်ကလည်း တော်လှန်ရေးစိတ်ဓါတ်အားကောင်းလာလိမ့်မည်ဟု ပြောဆိုခဲ့သည်။
ဂါဇာစစ်ပွဲကို အစပြုစေခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဖြစ်သော ဆင်ဝါသည် အောက်တိုဘာ ၁၇ ရက်က ပါလက်စတိုင်းနယ်မြေတွင် အစ္စရေးစစ်သားများ၏ စစ်ဆင်ရေးတွင် သေဆုံးခဲ့ခြင်းသည် နှစ်ချီလာပြီဖြစ်သော ပဋိပက္ခတွင် အရေးပါသော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
၎င်းသေဆုံးမှုကြောင့် ပဋိပက္ခကို အဆုံးသတ်စေနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ပေါ်စေသည်ဟု အနောက်နိုင်ငံခေါင်းဆောင်များက ဆိုခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓါးစာခံများ ပြန်မလွတ်သရွေ့ စစ်ပွဲဆက်ဖြစ်နေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဇူလိုင်လအတွင်းက အီရန်တွင် အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရအပြီး၌ ဟားမတ်စ်၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရေသော ဆင်ဝါသည် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က ဂါဇာမြေအောက်တွင် ဟားမတ်စ်တို့ ဖောက်လုပ်ထားသည့် ဥမင်လိုဏ်ခေါင်းများအတွင်း ပုန်အောင်းလျက် နေထိုင်ခဲ့သည်ဟု ယုံကြည်ရသည်။
ဗုဒ္ဓဟူးနေ့က ဂါဇာတောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတွင် အစ္စရေးတပ်ဖွဲ့များက သူ့ကို သတ်—–ဖြတ်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ကနဦးတွင် ၎င်းတို့သည် တိုင်းပြည်၏ နံပါတ်တစ် ရန်သူကို ရရှိခဲ့ခြင်းအား သတိမပြုမိခဲ့ကြဟု အစ္စရေးအရာရှိများက ပြောဆိုသည်။
အစ္စရေး စစ်တပ်က ဒရုန်းဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ရာတွင် ပျက်စီးနေသည့် အဆောက်အအုံတစ်ခုအတွင်း ဖုန်းမှုန့်များဖုံးနေသာ ကုလားထိုင်ပေါ်ရှိနေသူသည်ဆင်ဝါဖြစ်သည်ဟု ပြောဆိုထားခဲ့သည်။
ဟားမတ်စ်အဖွဲ့ကိုယ်၌ကမူ မည်သို့မှမှတ်ချက်မပေးသော်လည်း အဖွဲ့အတွင်းမှ သတင်းရင်းမြစ်များက တွေ့မြင်ရသည့် သွင်ပြင်လက္ခဏာရပ်များအရ ဆင်ဝါဟု ယူဆကြောင်းနှင့် အစ္စရေးစစ်တပ်က အမှန်တစ်ကယ်သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ Ref: အင်န်ဒီတီဗွီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
