နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တိမ်းမှောက်ခဲ့သည့် စက်သုံးဆီတင် ကားတစ်စီးထံမှ ယိုစီးကျလာသည့် စက်သုံးဆီများကို ဒေသခံများက ခပ်ယူနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၄၇ ဦးထက်မနည်း သေ ဆုံးခဲ့သည်ဟု အရာရှိများက အောက်တိုဘာ ၁၆ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
မျိုးဆက်တစ်ဆက်အတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို ခံစားနေရသည့် နိုက်ဂျီးရီးယားနိုင်ငံ တွင် ဓာတ်ဆီသည် အလွန်အဖိုးတန်သည့် ကုန်ပစ္စည်းတစ်မျိုးဖြစ်နေချိန်တွင် အဆိုပါဝမ်းနည်းဖွယ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၄ ရက်က ဂျီဂါ၀ါ ပြည်နယ် မီဂျီယာမြို့တွင် ဓာတ်ဆီတင်သည့် ကားသည် အခြားကားတစ်စီးကို ရှောင်တိမ်းချိန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုသို့ ဓာတ်ဆီတင်ကား တိမ်းမှောက်ခဲ့ပြီးနောက် အနီးဝန်းကျင်တွင်နေထိုင်သည့် ဒေသခံများသည် ယို စိမ့်ကျလာသည့် ဓာတ်ဆီများကို ခပ်ယူနေချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ် ကြောင့် လူ ၁၄၇ ဦးသေဆုံးကြောင်း အမျိုးသား အရေးပေါ်ကိစ္စများဆိုင်ရာအေဂျင်စီ က အတည်ပြုထားပြီး သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ထိုပေါက်ကွဲမှုကြောင့် လူပေါင်း ၁၄၀ ခန့်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန် ရှိသူများက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
