နှစ်စဉ်ကျင်းပမြဲဖြစ်သော မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ကျိုက္မမီမြို့ရှိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်အစောပိုင်းတွင် ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရား၌ ဆွမ်းအိုးမျှောပွဲကျင်းပပြုလုပ်ခဲ့ရာ၊ ထိုဆွမ်းအိုးမျှောပွဲ နှင့် ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ အများအပြားလာရောက်ခဲ့ကြကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး "ဘုရားဖူးတွေများလား၊ မများလားဆိုရင် ဘုရားဝန်းအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေ၊ တည်းခိုဆောင်တွေမှာ ဘုရားဖူးတွေအပြည့်အလျှံပါဘဲ" ဟု ပြောကြားသည်။
သို့သော် ဆွမ်းအိုးမျှောပွဲမတိုင်ခင် မိုးလေကျသည့်အတွက်ကြောင့် ဆွမ်းအိုးမျှောသူ နည်းသွားသော်လည်း မိုးလေကင်းလွတ်သွားချိန်တွင် ဆွမ်းအိုးမျှောသူများ၊ ဘုရားဖူးသူများဖြင့် ပြန်လည်စည်ကားခဲ့ကြောင်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အတွင်း ထင်ရှားသည့် ဗုဒ္ဓပူဇနိယပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကာလတွင် သီတင်းကျွတ်လဆန်း (၉) ရက် (အောက်တိုဘာလ (၁၁) ရက်) မှ သီတင်းကျွတ်လဆန်း (၁၃) ရက် (အောက်တိုဘာလ (၁၅) ရက်) အထိ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း၊ သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း နှင့် သီတင်းကျွတ်လပြည့်နေ့ အာရုံတက်ချိန်တွင် ဆွမ်းအိုးမျှောပွဲကို လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သီတင်းကျွတ်လပြည်ကျော် (၁) ရက် (အောက်တိုဘာလ (၁၈) ရက်) မှ သီတင်းကျွတ်လပြည့်ကျော် (၅) ရက် (အောက်တိုဘာလ (၂၂) ရက်) အထိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ပွဲတော်ကာလအတွင်း ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo Cr– ကိုဇော် (မော်လမြိုင်တက္ကသိုလ်)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
