စပိန်သတင်းစာ Marca သည် ကစားသမားဘဝတစ်လျှောက် ဆုဖလား(၄၆)ခု ရယူနိုင်ခဲ့သည့် အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီကို ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် အင်တာမိုင်ယာမီအသင်းနှင့်အတူ Supporters Shield ချန်ပီယံဆု ရယူနိုင်ခဲ့သည့်အတွက် ကစားသမားဘဝတစ်လျှောက် (၄၆)ခုမြောက် ဆုဖလား အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယနေရာမှ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗတ်စ်ကို ဆုဖလား(၂)ခု အသာ ရရှိခဲ့သည်။
ထို့ကြောင့် Marca က ၎င်းကို အထူးဂုဏ်ပြုဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာတစ်ဦးဖြစ်သည့် ဂယ်လာဒိုက မိုင်ယာမီအထိ သွားရောက်ကာ မက်ဆီကို ဆုတံဆိပ်ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မက်ဆီသည် ဘာစီလိုနာ၊ PSG၊ အင်တာမိုင်ယာမီ စသည့် ကလပ်အသင်း(၃) သင်းနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစား ခဲ့ရာ၌ လာလီဂါချန်ပီယံဆု(၁၀)ခု၊ စပိန်ဘုရင့်ဖလား(၇)ခု၊ စပိန်စူပါဖလား(၈)ခု၊ ပြင်သစ်လီဂူးချန်ပီယံဆု (၂)ခု၊ ပြင်သစ် စူပါဖလား(၁)ခု၊ ကမ္ဘာ့ဖလား(၁)ခု၊ ကိုပါအမေရိကဖလား(၂)ခု၊ ဥရောပ-တောင်အမေရိက ချန်ပီယံဆု(၁)ခု၊ ကမ္ဘာ့လူငယ်ချန်ပီယံဆု(၁)ခု၊ အိုလံပစ်ချန်ပီယံဆု (၁)ခု၊ ချန်ပီယံလိဂ် ဖလား(၄)ခု၊ ကလပ်ကမ္ဘာ့ဖလား(၃)ခု၊ ဥရောပစူပါဖလား(၃)ခု၊ မေဂျာလိဂ်ဖလား(၁)ခု၊ Supporters Shield (၁)ခု ရယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Marca ၏ ဂုဏ်ပြုဆုတံဆိပ်ကို လက်ခံရယူခဲ့ပြီးနောက် မက်ဆီက "ကျွန်တော့်အနေနဲ့ ပိုပြီးအိုမင်းလာပေမဲ့ ဆုဖလားတွေ ရယူဖို့ ဆာလောင်နေတုန်းပါပဲ။ ကျွန်တော့်ရဲ့ မိသားစုကလည်း ထောက်ပံ့အားပေးမှုတွေ ပြုလုပ်နေတာကြောင့် ကျွန်တော် မရပ်တန့်သေးပါဘူး။ ဘောလုံးကစားရတာကို ကျွန်တော် ချစ်မြတ်နိုးပြီး လက်ရှိခြေစွမ်းအတိုင်း ဆက်ကစားသွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
မက်ဆီသည် ၎င်း၏ ကြံ့ခိုင်မှုအနေအထားကို အားရကျေနပ်နေသည့်အတွက် ၂၀၂၆ ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြနိုင်ဦးမည်ဟု ယုံကြည်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
