Top News

■ ဖရန်ကီဒီယွန်းကို ဇန်နဝါရီတွင် မန်ယူအသင်း ခေါ်ယူနိုင်ဖွယ်ရှိ     
24htopnews | October 18, 2024 4:12 PM CST

မန်ယူအသင်းသည် ဘာစီလိုနာအသင်းမှ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် အသင်း၏ လစာအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော ဒီယွန်းကို ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

မန်ယူအသင်းကလည်း ၎င်းကို ခေါ်ယူရန် ဆန္ဒရှိနေသည့်အတွက် အဆိုပါအပြောင်းအရွှေ့မှာ ဖြစ်မြောက်လာရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူနည်းပြ တန်ဟက်ဂ်ကလည်း ဒီယွန်းကို ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း သိရသည်။

မန်ယူအသင်းသည် ဖရန်ကီဒီယွန်းအား ခေါ်ယူရန် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။ 

ထိုစဉ်က မန်ယူအသင်းသည် ဖရန်ကီဒီယွန်းအား ခေါ်ယူရန် ဘာစီလိုနာအသင်းနှင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့သော်လည်း ကစားသမားက ငြင်းပယ်ခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။ 


READ NEXT
Cancel OK