Top News

■ ဂွါဒီယိုလာနေရာ အလွန်ဆိုကို အစားထိုးရန် မန်စီးတီး စိတ်ဝင်စားနေ     
24htopnews | October 18, 2024 4:12 PM CST

မန်စီးတီးအသင်းသည် လက်ရှိနည်းပြ ဂွါဒီယိုလာနှင့် လမ်းခွဲခဲ့ပါက လေဗာကူဆင်နည်းပြ အလွန်ဆိုကို အစားထိုးခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ၏ စာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်နေသည်။

သို့သော် မန်စီးတီးအသင်းသည် ဂွါဒီယိုလာ၏နေရာတွင် ရေရှည်အစားထိုးရန်အတွက် လေဗာကူဆင်နည်းပြ အလွန်ဆိုကို ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။ 

အလွန်ဆိုသည် ထိပ်တန်းကလပ်အသင်းများစွာ၏ ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပြီး ရီးယဲလ်အသင်းကို ကိုင်တွယ်လိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။

မန်စီးတီးအသင်းသည် အသင်းထိပ်တန်းနည်းပြ ဂွါဒီယိုလာ ထွက်ခွာသွားပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် အလွန်ဆိုအပြင် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အယ်လ်မီရွန်ကိုပါ ပစ်မှတ်ထားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK