လာလီဂါထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်း၏ အ င်္ဂလန်လက်ရွေးစင်နောက်ခံလူ အာနိုးလ်အား လာမည့်နွေရာသီ အဓိကပစ်မှတ်ကစားသမားအဖြစ် ချိန်ရွယ်လျက်ရှိကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ ညာနောက်ခံလူနေရာတွင် စပိန်လက်ရွေးစင်အသင်း၏ ၀ါရင့်နောက်ခံလူတစ်ဦးဖြစ်သည့် ဒန်နီကာဗာဟယ်လ် က ကစားလျက်ရှိနေပြီး လက်ရှိအချိန်တွင် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဒန်နီကာဗာဟယ်လ်၏ နေရာအတွက် ရေရှည်အစားထိုးရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး အာနိုးလ်က အဓိကပစ်မှတ်အဖြစ်ရှိနေခြင်းလည်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ၎င်းတို့အသင်း၏ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဟာကီမီကိုလည်း ပြန်လည်ခေါ်ယူရန် စောင့် ကြည့်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး အာနိုးလ်ကမူ အဓိကပစ်မှတ်အဖြစ် ရှိနေခြင်းဖြစ်သည်။
အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေသည့် ကစားသမားတစ်ဦးဖြစ်သည့်အပြင် ရာသီကုန်တွင် အသင်းမှထွက်ခွာရန် စဉ်းစားနေပြီး အသင်းနှင့်သက်တမ်းတိုးရန်ကိစ္စမှာအဆင်မပြေဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
