ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းသည် ၎င်းတို့အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ရန် အတွက် ဆက်စ်အား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရသည်။
ဆက်ရှ်ကိုသည် လက်ရှိအချိန်တွင် ဥရောပ၏ အထွန်းတောက်ဆုံး လူငယ်တိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းသည် ပြီး ခဲ့သည့် ရာသီကတည်းက ဆက်စ်ကိုအားခေါ်ယူရန် ပစ်မှတ်ထားခဲ့ခြင်းလည်းဖြစ်သည်။
အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် တိုက်စစ်ပိုင်း၌ ကိုင်ဟာဗင်ဇ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုကစားနေပြီး လာမည့်ရာသီတွင်မူ ဟာဗက်ဇ်အား ကွင်းလယ်၌ ပြန်လည်အသုံးပြုကာ အထောင်တိုက်စစ်နေရာတွင် ဆက်စ်ကိုနှင့် အစားထိုးလိုခြင်းလည်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ဆက်စ်ကိုအပြင် နောက်ထပ်တိုက်စစ်မှူးတစ်ဦးအဖြစ် နယူးကာဆယ်အသင်း၏ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ကိုလည်း ခေါ်ယူအားဖြည့်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အသက် (၂၁) နှစ်အရွယ်ရှိ ဆက်စ်ကိုသည် ယခုရာသီတွင် လိုက်ပ်ဇစ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၉) ပွဲတွင် (၆) ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
