မန်ယူအသင်းသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းကို ဂိုးမသွင်းနိုင်ခဲ့ပါက ဆိုးရွားသည့် တိုက်စစ်စံချိန်ကို ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ဘရန့်ဖို့ဒ်နှင့်ပွဲတွင်ပါ ဂိုးမသွင်းနိုင်ခဲ့ပါက ပရီးမီးယားလိဂ်(၄)ပွဲဆက် ဂိုးမသွင်းယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဆောက်သမ်တန်အသင်းကို အဝေးကွင်းတွင် (၃-၀) ဂိုးဖြင့် အနိုင်ရပြီးနောက် ခရစ္စတယ်ပဲလေ့စ်နှင့် (၀-၀) သရေ၊ စပါးအသင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့်ပွဲစဉ်တွင် အက်စတွန်ဗီလာအသင်းနှင့် (၀-၀) သရေဖြစ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းအနေဖြင့် အဆိုပါမှတ်တမ်းမျိုးကို ပရီးမီးယားလိဂ်ခေတ်တွင် ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိဘဲ အင်္ဂလန်ပထမတန်းခေတ် ၁၉၈၉ ဧပြီလတွင်သာ လိဂ်ပြိုင်ပွဲ(၄)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ဖူးကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီတွင် တိုက်စစ်ပိုင်းပြဿနာများနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် (၇) ပွဲတွင် (၅) ဂိုးသာ ရရှိထားသည်။
ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်ယူအသင်းထက် ဂိုးသွင်းနည်းသည့်အသင်းမှာ အဆင့် (၁၉) နေရာတွင် ရပ်တည်နေသည့် ဆောက်သမ်တန်တစ်သင်းသာ ရှိပြီး (၄) ဂိုးသာ သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
