မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြအဖြစ် သောမတ်စ်တူဟယ်လ်ကို ခန့်အပ်ခဲ့ခြင်းအတွက် အံ့အားသင့်မိသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အောက်တိုဘာ (၁၆) ရက်တွင် ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်အား အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
တူဟယ်လ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရသည့် တတိယမြောက် ဗြိတိန်ပြင်ပနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီမှစတင်ကာ တာဝန်စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။
အင်္ဂလန်ဂန္ထဝင် ရွန်နီက FA အနေဖြင့် လက်ရွေးစင်အသင်းနည်းပြအဖြစ် အင်္ဂလိပ်လူမျိုးကိုသာ ခန့်အပ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
"တူဟယ်လ်က အရမ်းတော်တဲ့ နည်းပြတစ်ယောက်လို့ ထင်ပါတယ်။ ဒါပေမဲ့ FA က သူ့ကို ခန့်အပ်လိုက်တာကိုတော့ အံ့အားသင့်မိပါတယ်။ ကျွန်တော်က အင်္ဂလိပ်နည်းပြတစ်ယောက်ကိုပဲ ခန့်အပ်လိမ့်မယ်လို့ ထင်နေခဲ့တာပါ"ဟု ရွန်နီက ပြောကြားခဲ့သည်။
သို့သော် ၎င်းက တူဟယ်လ်အနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်စေရန် ဆုတောင်းပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
