ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့၏ အကြီးအကဲဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR အမှား (၈၀%) လျော့ကျသွားခဲ့သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗီဒီယိုအကူဒိုင်လူကြီးစနစ်(VAR)ကို အသုံးပြုလာသည် မှာ (၅)နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး ဆိုးရွားသည့် အမှားအယွင်းများကြောင့် ဆက်လက်အသုံးမပြုသင့်ကြောင်း ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် VAR ၏ ဆုံးဖြတ်ချက်အမှားပေါင်း (၃၁)ခုရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ သဘောထားကို ဆန္ဒမဲကောက်ခံခဲ့ရာ ဝုလ်ဗ်အသင်းမှလွဲ၍ ကျန်(၁၉)သင်းက ထောက်ခံခဲ့သည့်အတွက် ယခုရာသီတွင် VAR စနစ်ကို ဆက်လက်အသုံး ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟောင်းဝပ်ဝက်ဘ်က VAR စနစ်မှာ ပရီးမီးယားလိဂ်တွင် တိုးတက်မှုများရှိနေပြီး အမှားအယွင်းများ လျော့ကျသွားသည့်အပြင် အချိန်ကြန့်ကြာမှုလည်း လျော့ကျသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့နှစ်က ဒီလိုအချိန်မှာ VAR အမှား (၁၀)ခုရှိ ခဲ့ပြီး ဒီနှစ် (၂)ခုပဲ ရှိခဲ့ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ရာသီမှာ VAR အတွက် တစ်ပွဲကို စက္ကန့်(၇၀) လောက် အချိန်ယူခဲ့ရပေမဲ့ ဒီနှစ်တော့ (၂၅)စက္ကန့်လောက်ပဲ အချိန်ယူရပါတယ်"ဟု ဟောင်းဝပ်ဝက်ဘ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
